တာချီလိတ်ရှိ ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းပြီး  ကျားဖြန့်ငွေလိမ်မှုနှင့် ဆက်စပ်သည့် ထိုင်းနိုင်ငံသား ၈၃ ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၈၃ ဦးကို ကွန်ပျူတာ၊ ဖုန်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က မြဝတီ-မယ်ဆိုင် နယ်စပ် မဲဆိုင်မြစ်နှင့် မီတာ ၃၀၀ ခန့်သာ ကွာဝေးသည့် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တရားမဝင် အွန်လိုင်းရုံးခန်း ဖွင့်လှစ်ထားကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အဆိုပါဟိုတယ်၏ ၃ လွှာနှင့် ၄ လွှာတို့တွင် ကွန်ပျူတာများဖြင့် အလုပ်လုပ်ကိုင်နေသည့် ထိုင်းအမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း ၈၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ စီးနင်းမှုအတွင်း လပ်တော့ပ် ကွန်ပျူတာ ၄၀ လုံးနှင့် လက်ကိုင်ဖုန်း ၇၅ လုံးကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။

တာချီလိတ် အခြေစိုက် အွန်လိုင်း သတင်းဌာန တစ်ခု အဆိုအရ အဆိုပါ ဟော်တယ်မှာ ရာဝရတ် ဟိုတယ် ဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့မှ စ၍ အာဏာပိုင်များက ယာယီ ချိတ်ပိတ်ထားလိုက်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းသို့ ပို့ဆောင်ထားပြီး အွန်လိုင်းငွေလိမ်လည်မှု၊ ကောလ်စင်တာ လောင်းကစား လုပ်ငန်းများနှင့် ပတ်သက်သည့် ပုဒ်မများဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

တာချီလိတ်မြို့သည် လွန်ခဲ့သည့် ၄ နှစ်မှ ၅ နှစ်အတွင်း အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများ အခြေစိုက်ရာ ဒေသတစ်ခုဖြစ်ခဲ့ပြီး ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း တရုတ်နှင့် မြန်မာအာဏာပိုင်များ၏ တင်းကြပ်စွာ နှိမ်နင်းမှုများကြောင့် အချို့ဂိုဏ်းများ ရွှေ့ပြောင်းသွားခဲ့ရသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှုများကို နှိမ်နင်းရန်အတွက် ထိုင်းအစိုးရက ၂၀၂၅ ခုနှစ် အစပိုင်းမှစ၍ တာချီလိတ်အပါအဝင် နယ်စပ်ဒေသများသို့ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ကန့်သတ်ထားသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် AFTF (အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့က ငွေလိမ်ဂိုဏ်းများ ဆက်လက်ရှိနေမှုနှင့် ငွေကြေးခဝါချမှုတွေ ကြောင့် မြန်မာနိုင်ငံကို အမည်ပျက်စာရင်းတွင် ၅ နှစ်မြောက် ထည့်သွင်းခဲ့သည်။

ဖေဖော်ဝါရီ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးထားပြီး ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်ပါက ပိုမို တင်းကျပ်သည့် ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်သွားမည် ဟုလည်း သတိပေးထားသည်။