ကျားဖြန့် ဂိုဏ်းများကို နှိမ်နင်းရာတွင် Meta ကုမ္ပဏီ ပူးပေါင်းပါဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်။
အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းရန် ထိုင်းဘုရင့်ရဲတပ်ဖွဲ့၊ အမေရိကန် FBI နှင့် နိုင်ငံတကာရဲတပ်ဖွဲ့များ ပူးပေါင်းပြုလုပ်သည့် စစ်ဆင်ရေးတွင် Meta ကုမ္ပဏီက သံသယဖြစ်ဖွယ် အကောင့်ပေါင်း ၁ သိန်းခွဲကျော်ကို ပိတ်သိမ်းခဲ့သည်။
Meta လက်အောက်ရှိ Facebook, Instagram, WhatsApp, Messenger နှင့် Threads အစရှိသည့် Platform များမှတစ်ဆင့် လိမ်လည်မှုများ မခံရစေရန် လုံခြုံရေးစနစ်သစ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်။
၎င်းစနစ်များတွင် Facebook ၌ သံသယဖြစ်ဖွယ် Friend Requests များကို သတိပေးခြင်း၊ WhatsApp အကောင့်ကို ခွင့်ပြုချက်မရှိဘဲ ချိတ်ဆက်ရန် ကြိုးစားမှုကို တားဆီးခြင်းနှင့် Messenger တွင် အလုပ်အကိုင်ကမ်းလှမ်းချက်အတုများကို AI နည်းပညာဖြင့် စစ်ဆေးခြင်းတို့ ပါဝင်သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူ ၂၁ ဦးကိုလည်း ဖမ်းဆီးအရေးယူထားခဲ့သည်။