သီရိလင်္ကာတွင် ကျားဖြန့်လုပ်ဆောင်သော တရုတ် ၃၇ ဦးအား ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်။
သီရိလင်္ကာရဲတပ်ဖွဲ့သည် ကိုလံဘိုမြို့ဆင်ခြေဖုံး တလန်ဂါမာ (Talangama) အရပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း အခြေစိုက်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၃၇ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများမှာ အမျိုးသမီးတစ်ဦး အပါအဝင် အသက် ၂၃ နှစ်မှ ၄၄ နှစ်အတွင်းရှိသူများဖြစ်ပြီး ၎င်းတို့နှင့်အတူ တက်ဘလက် ၃၅ လုံး၊ ဖုန်း ၁၄၇ လုံးနှင့် SIM ကတ် ၁၀၀ ကျော်ကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့သည်။
၎င်းတို့သည် ကမ္ဘာလှည့်ခရီးသွားဗီဇာ (Tourist Visa) ကို အသုံးပြု၍ ဝင်ရောက်လာကာ တရားမဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်အတွင်း တရုတ်နှင့် အိန္ဒိယနိုင်ငံသား ရာဂဏန်းကို ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့ပြီးဖြစ်သည်။
သီရိလင်္ကာရှိ တရုတ်သံရုံးကလည်း ဆိုက်ဘာရာဇဝတ်မှုများ နှိမ်နင်းရေးတွင် ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။