အမေရိကန်အောက်လွှတ်တော်တွင် ကျားဖြန့် (ငွေလိမ်) ဂိုဏ်းများ နှိမ်နင်းရေး ဥပဒေကြမ်းအတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီသည် ငွေလိမ်ဂိုဏ်းများ၊ ခေါ်ဆိုလေ့ရှိသည့် “ကျားဖြန့်” လုပ်ငန်းများကို နှိမ်နင်းရေးအတွက် ဥပဒေတစ်ရပ်ကို မနေ့က အတည်ပြုလိုက်သည်။
အဆိုပါ ဥပဒေကြမ်းတွင် ငွေလိမ်လုပ်ငန်းများ ကြီးထွားလာခြင်းနှင့် ပတ်သက်၍ မြန်မာစစ်အုပ်စု၌ တာဝန်ရှိသည်ဟု ဖော်ပြထားသည်။
အထူးသဖြင့်၊ မြန်မာစစ်အုပ်စုသည် ငွေလိမ်ဂိုဏ်းများကို လုပ်ငန်းလည်ပတ်ခွင့် ပေးခြင်း၊ လစ်လျူရှုခြင်းနှင့် ၎င်းတို့ထံမှ အကျိုးအမြတ် ရယူနေခြင်းတို့ကြောင့် တာဝန်ရှိကြောင်း ဥပဒေဖော်ပြချက်တွင် ထည့်သွင်းထားသည်။
ဤဥပဒေ၏ အဓိက ရည်ရွယ်ချက်မှာ ငွေလိမ်လုပ်ငန်းများ ပပျောက်သွားစေရန်အတွက် အမေရိကန် အစိုးရဌာနများ ပူးပေါင်းပါဝင်သည့် “လုပ်ငန်းအကောင်အထည်ဖော်ရေး အထူးအဖွဲ့ (Task Force)” ဖွဲ့စည်းရန် ခွင့်ပြုချက်ပေးရန် ဖြစ်သည်။
ဤဥပဒေကြမ်းကို အောက်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးဖြစ်ရာ အထက်လွှတ်တော်၏ အတည်ပြုချက်နှင့် သမ္မတ၏ လက်မှတ်ရေးထိုးမှု ရရှိပါက အသက်ဝင်လာမည်ဖြစ်သည်။ ယင်းဥပဒေတွင် ပစ်မှတ်ထား တိုက်ဖျက်မည့် နိုင်ငံသုံးနိုင်ငံအဖြစ် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများကို ဖော်ပြထားသည်။