သြစတြေးလျနှင့် ဂျပန်တို့ စွမ်းအင်နှင့် အရေးကြီးသတ္တုကဏ္ဍ ပူးပေါင်းမည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်။ 

ဂျပန်ဝန်ကြီးချုပ် ဆာနိုင်း တာကာအီချီ (Sanae Takaichi) ၏ သြစတြေးလျ ၃ ရက်ကြာ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စွမ်းအင်၊ စားနပ်ရိက္ခာနှင့် အရေးကြီးသတ္တုတွင်းထွက် (Critical Minerals) ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ 

သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီးစ် (Anthony Albanese) နှင့် တွေ့ဆုံစဉ် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများမှ ကာကွယ်ရန် စီးပွားရေးလုံခြုံမှုဆိုင်ရာ မဟာဗျူဟာမြောက် လက်တွဲလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သြစတြေးလျအစိုးရအနေဖြင့် ဂျပန်နှင့် ဆက်စပ်နေသော အရေးကြီးသတ္တုစီမံကိန်းများအတွက် သြစတြေးလျဒေါ်လာ ၁.၃ ဘီလီယံ ထောက်ပံ့မည်ဖြစ်ပြီး နီကယ်၊ ဂရပ်ဖိုက်နှင့် မြေရှားသတ္တုများကို ဂျပန်သို့ တည်ငြိမ်စွာ တင်ပို့သွားမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံသည် ၎င်း၏ စွမ်းအင်လိုအပ်ချက် ၃ ပုံ ၁ ပုံကို သြစတြေးလျထံမှ ရယူနေရပြီး ပြီးခဲ့သည့်လကလည်း ဂျပန်နိုင်ငံထုတ် စစ်သင်္ဘောများကို သြစတြေးလျသို့ ဒေါ်လာ ၁၀ ဘီလီယံ ဖိုး ရောင်းချရန် သဘောတူညီထားခဲ့သည်။