ဂျပန်က ထိုင်ဝမ်ကျွန်းနှင့် မိုင် ၇၀ ခန့် အကွာတွင် ဒုံးကျည်စနစ် ချထားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေစဉ်အတွင်း ဂျပန်နိုင်ငံသည် ထိုင်ဝမ်ကျွန်းနှင့် ၆၈ မိုင်ခန့်သာ ဝေးကွာသော ယိုနာဂူနီ (Yonaguni) ကျွန်းတွင် ဒုံးကျည်စခန်းတည်ဆောက်မည့် အစီအစဉ်ကို ကြေညာလိုက်ပါသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမိ၏ ပြောကြားချက်အရ အဆိုပါဒုံးကျည်တပ်ဖွဲ့ကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်တပ်ဖြန့်မည်ဖြစ်သည်။
ဒုံးကျည်များမှာ ဂျပန်နိုင်ငံထုတ် အလတ်စား မြေပြင်မှ ဝေဟင်ပစ် (Surface-to-air) အမျိုးအစားများ ဖြစ်ကြပါသည်။
၎င်းဒုံးကျည်စနစ်သည် ၃၆၀ ဒီဂရီ ပတ်လည် ပစ်ခတ်နိုင်သည့်အပြင် ပစ်မှတ် ၁၀၀ ကို တစ်ပြိုင်နက် ထောက်လှမ်း၍ ပစ်မှတ် ၁၂ ခုကို တစ်ချိန်တည်း ကြားဖြတ်ဟန့်တားနိုင်စွမ်း ရှိပါသည်။
ထို့အပြင် ၂၀၂၆ ခုနှစ်အတွင်း ရန်သူ့ဆက်သွယ်ရေးနှင့် ရေဒါများကို နှောင့်ယှက်နိုင်မည့် အီလက်ထရွန်နစ် စစ်ဆင်ရေးတပ်ဖွဲ့ကိုလည်း အဆိုပါကျွန်းတွင် အခြေစိုက်ရန် စီစဉ်ထားသဖြင့် ယိုနာဂူနီကျွန်းသည် ဂျပန်နိုင်ငံ၏ အရေးပါသော ရှေ့တန်းစစ်စခန်းတစ်ခု ဖြစ်လာနေပါသည်။