ဟောမုဇ်ရေလက်ကြားတွင် အမေရိကန်နှင့် အီရန် တို့ ပစ်ခတ်မှုများ ပြန်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်။ 

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ထိန်းချုပ်ရေးအတွက် အမေရိကန်နှင့် အီရန်တို့အကြား တိုက်ခိုက်မှုသစ်များ ဖြစ်ပွားလျက်ရှိရာ ဒေသတွင်းစစ်ရေးအခြေအနေ ပြင်းထန်လာနေသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပိတ်မိနေသော ကုန်တင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရန် “Project Freedom” စစ်ဆင်ရေးကို ကြေညာခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များက အီရန်စစ်ဘက်သုံး လှေငယ် (၇) စီးကို ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ကြေညာသည်။ 

အီရန်ဘက်ကမူ လှေငယ် ၇ စီး ပစ်ခတ်ခံရမှုကို ငြင်းဆိုထားသည်။ 

အီရန်အစိုးရက ၎င်းတို့၏ ထိန်းချုပ်နယ်မြေကို ယူအေအီး (UAE) ကမ်းရိုးတန်းအထိ တိုးချဲ့သတ်မှတ်ထားသည့် မြေပုံကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်သင်္ဘောများကို ပစ်ခတ်မောင်းထုတ်ခဲ့ကြောင်း ပြောဆိုသည်။ 

ထို့ပြင် ယူအေအီးနိုင်ငံရှိ အရေးပါသော ဖူဂျိုင်ရာ (Fujairah) ရေနံဆိပ်ကမ်းကို အီရန်က ဒရုန်းနှင့် မစ်ဆိုင်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ 

အဆိုပါ တင်းမာမှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၅ ရာခိုင်နှုန်း ခန့် ထပ်မံမြင့်တက်သွားခဲ့ပြီး နိုင်ငံတကာပညာရှင်များက နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီဖြစ်ကြောင်း သုံးသပ်နေကြသည်။