Messenger.com ဝဘ်ဆိုက်ကို ပိတ်သိမ်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
Messenger.com ဝက်ဘ်ဆိုက်ကို ဧပြီလ ၁၅ ရက်နေ့မှာ ပိတ်သိမ်းတော့မယ်လို့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ Meta က ကြေညာလိုက်ပါတယ်။
အဲဒီလို ပိတ်သိမ်းလိုက်ပေမယ့် Messenger ဝန်ဆောင်မှုတွေကို Facebook က တဆင့် ဒါမှမဟုတ် ဖုန်း အက်ပလီကေးရှင်းက တဆင့် သုံးစွဲနေသူတွေ အတွက် သက်ရောက်မှု ရှိမှာ မဟုတ်ပဲ Messenger.com ကနေ့ သီးသန့် အကောင့်ဖွင့် သုံးစွဲသူတွေ အတွက်ပဲ အပြောင်းအလဲ ဖြစ်စေမှာ ဖြစ်ပါတယ်။
ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်တာနဲ့ messenger.com က သုံးစွဲသူတွေကို Facebook ကနေ တဆင့် သုံးစွဲဖို့ အလိုအလျောက် ပြောင်းပေးမှာ ဖြစ်ပါတယ်။
Facebook အကောင့်မရှိပဲ Messenger အကောင့်ပဲ သုံးနေသူတွေ ဒါမှမဟုတ် Facebook အကောင့်ကို ပိတ်ထား (Deactivate) ပြီး Messenger တစ်ခုတည်းကိုပဲ ကွန်ပျူတာမှာ သီးသန့်သုံးချင်သူတွေအတွက် အခက်အခဲဖြစ်စေမှာ ဖြစ်ပါတယ်။
ဖုန်းနဲ့ပဲ သုံးနေတဲ့ Messenger သုံးစွဲသူတွေ အတွက်ကတော့ အပြောင်းအလဲ ရှိမှာ မဟုတ်ပါဘူး။
Meta ဟာ ပြီးခဲ့တဲ့လအနည်းငယ်ကလည်း Windows နဲ့ Mac အတွက် Messenger Desktop App တွေကို ပိတ်သိမ်းခဲ့ပါသေးတယ်။ ဒါဟာ ကုမ္ပဏီရဲ့ ကုန်ကျစရိတ်ကို လျှော့ချဖို့နဲ့ Messenger ကို Facebook App ထဲ ပြန်လည်ပေါင်းစည်းဖို့ (Merge) လုပ်ဆောင်နေတဲ့ ဗျူဟာတစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။