Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

TNLA တပ်ဖွဲ့မှ မိုင်းဝီးဒေသအတွင်းရှိသျှမ်းပြည်တပ်မတော် (RCSS/SSA ) တပ်များအား ထပ်မံထိုးစစ် စတင်တိုက်ခိုက်လာသည့်အပေါ် သဘောထားထုတ်ပြန်ကြေငြာချက်

  • May 1, 2016
မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးရရှိဖို့ ဆွေးနွေး
မြန်မာရွှေပြောင်းအလုပ်သမားများနဲ့ ထိုင်းအလုပ်သမားများ လုပ်ခလစာတိုးတောင်း

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ပန်တိုဂျာကို အမှတ်ဖြင့်နိုင်ပြီး ဂျော့ရှုဝါးဗန် UFC ချန်ပီယံခါးပတ် ကာကွယ်
    ပန်တိုဂျာကို အမှတ်ဖြင့်နိုင်ပြီး ဂျော့ရှုဝါးဗန် UFC ချန်ပီယံခါးပတ် ကာကွယ် — September 20, 2026 11:47 am
  • AI ဉာဏ်ရည်တု နည်းပညာ ထိန်းချုပ်ရေး နည်းပညာထိပ်သီးများ သတိပေး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။ ဉာဏ်ရည်တု (AI) နည်းပညာများ လျှင်မြန်စွာ တိုးတက်လာမှုအပေါ် မိုက်ခရိုဆော့ဖ် (Microsoft) ကုမ္ပဏီ၏ AI ဌာန အကြီးအကဲ မူစတာဖာ ဆူလေမန် (Mustafa Suleyman) နှင့် ဘီလျံနာ အီလွန်မာ့စ် (Elon Musk) အပါအဝင် ကမ္ဘာ့နည်းပညာ ထိပ်သီးများက အန္တရာယ်ရှိကြောင်း သတိပေး တောင်းဆိုလိုက်ကြသည်။ မိုက်ခရိုဆော့ဖ် AI အကြီးအကဲ မူစတာဖာ ဆူလေမန်က AI နယ်ပယ်တွင် လုပ်ကိုင်နေကြသူ အားလုံးအနေဖြင့် လူသားများ ရာနှုန်းပြည့် ထိန်းချုပ်နိုင်သည့် AI စနစ်များကိုသာ ဖန်တီးမည်ဆိုသည့် ကတိကဝတ်ကို လူသိရှင်ကြား ပြုလုပ်ကြရန် ဘီဘီစီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တောင်းဆိုခဲ့သည်။ နည်းပညာ ကုမ္ပဏီကြီးများအနေဖြင့် လူသားများထက် ပိုမိုထက်မြက်လာသည့် AI စနစ်များကို လူသားတို့၏ လွှမ်းမိုးထိန်းချုပ်မှုအောက်တွင် အမြဲတမ်း ကန့်သတ်ထားနိုင်ရန် မဖြစ်မနေ လိုအပ်ကြောင်း ထောက်ပြထားသည်။ အလားတူ ဘီလျံနာ အီလွန်မာ့စ်ကလည်း AI နည်းပညာသည် နျူကလီးယား လက်နက်များထက်ပင် ပိုမို အန္တရာယ်ကြီးမားကြောင်း သတိပေးထားသည်။ စနစ်တကျ ထိန်းချုပ်ထားခြင်း မရှိပါက လူသားတို့၏ ပါဝင်စွက်ဖက်မှု မပါဘဲ AI နည်းပညာက နျူကလီးယား စနစ်များကို ထိန်းချုပ် ပစ်ခတ်ခြင်း သို့မဟုတ် ကမ္ဘာ့စစ်ပွဲများ ဖြစ်ပွားအောင် ဖန်တီးလာနိုင်သည့် အန္တရာယ် ရှိကြောင်း သတိပေးခဲ့သည်။ နည်းပညာ ထိပ်သီးများ၏ ထုတ်ဖော်ပြောဆိုချက်များအရ ခေတ်မီဆန်းသစ်လာသည့် AI စနစ်များကို ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းရေး စည်းမျဉ်းများ၊ ထိန်းချုပ်မှု မူဘောင်များဖြင့် စနစ်တကျ ထိန်းကျောင်းခြင်း မရှိပါက လူသားမျိုးနွယ်အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း မီးမှောင်းထိုးပြနေသည်။ #AI
    AI ဉာဏ်ရည်တု နည်းပညာ ထိန်းချုပ်ရေး နည်းပညာထိပ်သီးများ သတိပေး — September 18, 2026 7:14 pm
  • ကုလသမဂ္ဂ အထွေထွေညီလာခံလာမည့် အပတ်တွင် ကျင်းပမည် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို လာမည့်ရက်သတ္တပတ်အတွင်း စတင်ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။ ယခုနှစ် ညီလာခံကို "ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးနှင့် အပြောင်းအလဲများကို စီမံခန့်ခွဲရေး" ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်သည်။ ညီလာခံ ကာလအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် လူ့အခွင့်အရေး ကောင်စီတို့၏ သုံးသပ်ချက်များ ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပဋိပက္ခများ အရှိန်မြင့်တက်လာမှုကြောင့် အရပ်သား ပြည်သူများ ထိခိုက်ခံစားနေရမှုကို ထောက်ပြကာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် စစ်ဘေးဒုက္ခသည်များထံ အကူအညီများ အဟန့်အတားမရှိ ပေးအပ်နိုင်ရေး တောင်းဆိုထားသည်။ တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကလည်း အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး စစ်ကောင်စီထံ စစ်လက်နက်နှင့် လေယာဉ်ဆီ တင်ပို့နေမှုများကို နိုင်ငံတကာက အမြန်ဆုံး ပိတ်ဆို့တားဆီးပေးရန်နှင့် မတရားဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားသည်။ ထို့အပြင် အရည်အသွေး စစ်ဆေးရေး ကော်မတီကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး မည်သူ့ကို အသိအမှတ်ပြုမည်ဆိုသည်ကိုလည်း ဆုံးဖြတ်ရန် ရှိနေသည်။ ကမ္ဘာတဝှမ်း ကိစ္စရပ်များနှင့် ပတ်သက်၍ ဉာဏ်ရည်တု (AI) နည်းပညာ ထိန်းချုပ်ရေး၊ အရှေ့အလယ်ပိုင်းနှင့် အီရန်အရေး၊ ယူကရိန်းစစ်ပွဲ၊ ဆူဒန် လူသားချင်းစာနာမှု အကျပ်အတည်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် ၂၀၂၆ နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နေရာအတွက် အနာဂတ် အတွင်းရေးမှူးချုပ်သစ် လျာထားရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။ #UN #ကုလသမဂ္ဂညီလာခံ #Conference
    ကုလသမဂ္ဂ အထွေထွေညီလာခံလာမည့် အပတ်တွင် ကျင်းပမည် — September 18, 2026 7:04 pm

Recent Posts

  • ပန်တိုဂျာကို အမှတ်ဖြင့်နိုင်ပြီး ဂျော့ရှုဝါးဗန် UFC ချန်ပီယံခါးပတ် ကာကွယ်
  • ညောင်ဦး-ချောက် လမ်းဘေးရှိ ကျေးရွာများ မီးရှို့ခံရပြီး အရပ်သား ထောင်ချီ စစ်ဘေးရှောင်နေရ
  • စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တွင် AA တန်ပြန်ထိုးစစ်ဆင်၍ စစ်အုပ်စု ကာကင်းစခန်းအချို့ သိမ်းပိုက်ခံရ
  • ရခိုင်တွင် AA ထိန်းချုပ်ထားသော မြို့နယ် သုံးခုကို စစ်တပ် လေကြောင်းမှ ဗုံးကြဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ
  • ညောင်ဦးမြို့နယ် အတွင်း ကျေးရွာတစ်ရွာကို စစ်တပ် ၃ ကြိမ်မြောက် မီးရှို့၊ နေအိမ် ၂၀၀ ကျော်ပြာကျ

Archives

Related Posts

ပန်တိုဂျာကို အမှတ်ဖြင့်နိုင်ပြီး ဂျော့ရှုဝါးဗန် UFC ချန်ပီယံခါးပတ် ကာကွယ်

ပန်တိုဂျာကို အမှတ်ဖြင့်နိုင်ပြီး ဂျော့ရှုဝါးဗန် UFC ချန်ပီယံခါးပတ် ကာကွယ်

  • September 20, 2026

ရခိုင်တွင် AA ထိန်းချုပ်ထားသော မြို့နယ် သုံးခုကို စစ်တပ် လေကြောင်းမှ ဗုံးကြဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ

  • September 18, 2026

ကုလသမဂ္ဂ အထွေထွေညီလာခံလာမည့် အပတ်တွင် ကျင်းပမည်

  • September 18, 2026
ညောင်ဦး-ချောက် လမ်းဘေးရှိ ကျေးရွာများ မီးရှို့ခံရပြီး အရပ်သား ထောင်ချီ စစ်ဘေးရှောင်နေရ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ ကျေးရွာများကို စစ်တပ်က ရွာစဉ်လှည့်ကာ စစ်ကြောင်းထိုး မီးရှို့နေသဖြင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ထောင်ချီ၍ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အဆုံးရှိ စဉ့်ကူရွာမှ စတင်ကာ ချောက်-ညောင်ဦး ကားလမ်းဘေး ဘယ်၊ ညာရှိ ကျေးရွာများကို စစ်အုပ်စုတပ်က နေ့စဉ် စစ်ကြောင်းထိုး၍ နေအိမ်များ မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းတို့ ပြုလုပ်နေခြင်းဖြစ်သည်။ မီးလောင်ဖျားမြောက်ရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “နေ့စဉ် စစ်ကြောင်းထိုးနေတာ တစ်ပတ်ကျော်သွားပြီ။ နေအိမ်တွေ မီးရှို့၊ သေနတ်နဲ့ပစ်၊ ဒရုန်းနဲ့ဗုံးကြဲ ရွာတိုင်းကို လုပ်နေတာ။ ဗုံးမှန်ပြီး သေကြတယ်၊ တချို့ အဖမ်းခံကြရတယ်။ ပစ္စည်းဆိုတာကတော့ အဝတ်အထည်ကောင်းရင်တောင် ယူသွား ကြတာ” ဟု ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က မီးလောင်ဖျားမြောက်ရွာကို စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးချခဲ့သဖြင့် သားအမိ ၃ ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျောက်ပြင်ကန်ကျေးရွာကို မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သည်။ အဆိုပါ စစ်အုပ်စုတပ်သည် ယာတောကြီးကျေးရွာမှ စစ်ရှောင်လာသည့် အမျိုးသမီး ၆ ဦးနှင့် တွေ့ဆုံစဉ် ၎င်းတို့ပါလာသည့် ဖုန်း ၆ လုံးနှင့် အစားအသောက်များကို လုယူသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။ မီးလောင်ဖျားမြောက်ရွာမှ အမျိုးသမီးတစ်ဦးကလည်း “အိမ်တွေကို မီးမရှို့ခင် စိတ်ကြိုက်ပစ္စည်းတွေကို ကားပေါ်တင်ယူသွားတာ။ လိုချင်တာ မရှိတော့ဘူးဆိုမှ မီးရှို့ခဲ့ကြတာ။ နေစရာ၊ ဝတ်စရာ၊ စားစရာ ဘာမှ မရှိတော့ဘူး” ဟု ပြောသည်။ စဉ့်ကူ၊ ပြည်တော်သာ၊ မီးလောင်ဖျားတောင်ရွာ၊ မီးလောင်ဖျားမြောက်ရွာ၊ ရွာသစ်၊ ကြအိုကျွန်း၊ ကြအို၊ မြေသန့်တောင်၊ ဇက၊ မအူပင်နှင့် ပျော်ဘွယ် စသည့် ချောက်-ညောင်ဦး ကားလမ်းဘေးရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံများသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။ အလားတူ ပုဂံမြို့ အရှေ့တောင်ဘက်၊ ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းကြားရှိ ယာတောကြီး၊ ပျဉ်းချောင်း၊ သဖျင်းကန်၊ မကျီးတိုင်း၊ ကျောက်ကန်၊ ကန်နီပေါက်၊ ရွာလေး၊ ချောင်းဝ၊ အနောက်အုံ၊ ဇီးစမြင်၊ ကျောက်ပြင်ကန်နှင့် မြောင် စသည့် ကျေးရွာ ၁၂ ရွာမှ ပြည်သူများသည် ချောက်ကြိုချောက်ကြားများသို့ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ စစ်အုပ်စုတပ်သည် အင်အား ၂၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ညက မီးလောင်ဖျား၊ ကြအိုနှင့် ကြအို ကျွန်းကျေးရွာတို့တွင် စခန်းချ၍ သေနတ်များ ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ စဉ့်ကူမြို့နယ်နှင့် ညောင်ဦးမြို့နယ်အတွင်းရှိ စစ်ကြောင်းထိုးခံနေရသော ဒေသသည် နိုင်ငံတကာအဆင့် မဟာဗျူဟာမြောက် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စွမ်းအင်စီမံကိန်းကြီး ဖြတ်သန်း ဖောက်လုပ်ထားသည့် ဒေသလည်းဖြစ်သည်။ ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd) #ညောင်ဦးမြို့နယ်

ညောင်ဦး-ချောက် လမ်းဘေးရှိ ကျေးရွာများ မီးရှို့ခံရပြီး အရပ်သား ထောင်ချီ စစ်ဘေးရှောင်နေရ

  • September 20, 2026

ညောင်ဦးမြို့နယ် အတွင်း ကျေးရွာတစ်ရွာကို စစ်တပ် ၃ ကြိမ်မြောက် မီးရှို့၊ နေအိမ် ၂၀၀ ကျော်ပြာကျ

  • September 18, 2026

ယူကရိန်းစစ်ပွဲနောက်ပိုင်း ပထမဆုံးရုရှား ပါလီမန် ရွေးကောက်ပွဲ စတင်ကျင်းပ

  • September 18, 2026
စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တွင် AA တန်ပြန်ထိုးစစ်ဆင်၍ စစ်အုပ်စု ကာကင်းစခန်းအချို့ သိမ်းပိုက်ခံရ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး AA က စစ်အုပ်စုတပ်၏ ကာကင်းစခန်းအချို့ကို ထိန်းချုပ်သိမ်းပိုက်ထားကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်အုပ်စုတပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်သို့ စက်တင်ဘာလ ၄ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လာ ခြင်း ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၆ ရက်ခန့်ရှိပြီဖြစ်သည်။ အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးများရှိနေပြီး စစ်အုပ်စုတပ်၏ စပါးထား၊ ဆားကုန်းပို့၊ ခမောင်း တော ကာကင်းစခန်းများနှင့် ရွှေမင်းဂံရေတပ်စခန်း၏ ကာကင်းစခန်းဖြစ်သည့် အမြင့်ကျွန်း တံတားဂိတ်များကို AA က ထိန်းချုပ်သိမ်းပိုက်ထားခြင်းဖြစ်သည်။ ဒေသခံစစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက “ပထမ ၁၄ ရက်နေ့ကတည်းက စစ်တပ် စစ်ကြောင်းတွေ စစ်တွေ - ပုဏ္ဏားကျွန်းအစပ်ကို ထိုးလာတော့ စပါးထား၊ ဆားကုန်းပို့၊ ခမောင်းတော ကာကင်းစခန်းတွေကို စစ်တပ်က ထိန်းလိုက်တယ်၊ ရက်ကြာရှည်လာတော့ အေအေရဲ့ တန်ပြန်ထိုးစစ်ကို မနိုင်တော့လို့ အကျအဆုံးနဲ့ ပြန်ဆုတ်တယ်၊ လက်ရှိ ပင်လယ်ရေပြင်တွေမှာလည်း စစ်တပ်အလောင်းတွေ များတယ်” ဟု ပြောသည်။ လက်ရှိတွင် စစ်အုပ်စုတပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ရှိ မင်းချောင်းတံတား၊ ဝါဘို၊ အမြင့်ကျွန်း၊ ရဲရိုးပြင်၊ ဆားတောင်ပို့၊ ခမောင်းတောနှင့် ကွမ်းတောင် ကျေးရွာတို့တွင် စစ်အင်အား ရာချီ ဖြန့်ကျက်ထားဆဲ ဖြစ်သည်။ ဒေသခံတစ်ဦးက “လက်ရှိမင်းချောင်းတံတား၊ ဝါဘို အမြင့်ကျွန်း၊ ရဲရိုးပြင်၊ ဆားတောင်ပို့၊ ခမောင်းတော၊ ကွမ်းတောင် ဘက်တွေ မှာ စစ်တပ် ဘက်က စစ်အင်အားတိုးပြီးဖြန့်တယ်။ ဒါပေမယ့် အေအေသတ်ကွင်း ထဲဝင်သလိုဖြစ်နေတယ်။ ရခိုင် ကို အပြင်ဘက်က စစ်ကြောင်းထိုးမရတော့ အတွင်းထဲက သူတို့ထိန်းချုပ်တဲ့ စစ်တွေကတဆင့် အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာ အေအေကလည်းတော်တော်ခုခံယူနေရတယ်” ဟု ပြောသည်။ ထို့ပြင် စစ်အုပ်စုတပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်သို့ လေယာဉ်အုပ်စုလိုက်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက် နေသည့် အပြင် လက်နက်ကြီးများ၊ ဒရုန်းများဖြင့်လည်း နေ့စဉ် ပစ်ခတ်လျက်ရှိရာ AA ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေသဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ လက်ရှိစစ်ရေး အနေအထားအရ AA သည် ပုဏ္ဏားကျွန်းဘက်မှတစ်ဆင့် စစ်တွေမြို့အနီးသို့ တန်ပြန်ထိုးစစ်ဖြင့် ရှေ့တိုးလာလျက်ရှိသည်။ အလားတူ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနီ (ပေါက်တော) နှင့် သံတွဲမြို့များကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ လေယာဉ်များ အုပ်စုလိုက်အသုံးပြု၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ စစ်အုပ်စုတပ်သည် လေကြောင်းနှင့် ရေကြောင်း ပစ်ကူအပြင် ရွှေမင်းဂံရေတပ်စခန်း၊ အမြင့်ကျွန်းရှိ လက်နက် ကြီးအထိုင်စခန်း၊ စစ်တွေပါဒလိတ်တပ်ရင်း၊ အမြောက်တပ်၊ ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄) စသည့် စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပေါ်တွင် အခြေစိုက်ထားသည့် တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဆက်continuous ပစ်ကူပေး တိုက်ခိုက်လျက်ရှိသည်။ ဓာတ်ပုံ - Crd #AA #စစ်တွေ #ပုဏ္ဏားကျွန်း

စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တွင် AA တန်ပြန်ထိုးစစ်ဆင်၍ စစ်အုပ်စု ကာကင်းစခန်းအချို့ သိမ်းပိုက်ခံရ

  • September 20, 2026

AI ဉာဏ်ရည်တု နည်းပညာ ထိန်းချုပ်ရေး နည်းပညာထိပ်သီးများ သတိပေး

  • September 18, 2026

ရေဦး၌ စစ်တပ်ဖမ်းထားသည့် လူငယ်များ အချုပ်ခန်းဖောက်ထွက်ပြေး

  • September 17, 2026
×Close