Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • English News
  • NMG အကြောင်း
  • Contact

ကချင် ပြည်နယ်သဘာဝသယံဇာတအရင်းအမြစ်ဆိုင်ရာ အခြေခံမူဝါဒလမ်းညွှန်ချက် (၇)ချက် ချမှတ်

  • May 26, 2016
တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် ( မြန်မာဘာသာ ) ၂၂-၅-၂၀၁၆
Twilight Over BURMA ရုပ်ရှင်ဇတ်လမ်း မိတ်ဆက်ပွဲပြသ

တနင်္လာနေ့ ည ရုပ်သံသတင်း (၅-၅-၂၅)

တနင်္လာနေ့ ည ရုပ်သံသတင်း (၅-၅-၂၅)

ဒီနေ့ အစီအစဉ်ထဲမှာတော့ … TNLA သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်ပေးဖို့ ဘယ်သူတွေက ဖိအား ပေးနေတာလဲ။ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်က စစ်ရေး အခြေအနေတွေ။        ရုရှားရဲ့ မဟာအောင်ပွဲနေ့ အခမ်းအနားကို ဘယ်သူတွေ တက်မှာလဲ။  မလေးကျားက ထိုင်းနယ်စပ်မှာ ဘာလို့ ရောက်နေတာလဲ ဆိုတာတွေကို တင်ဆက်ထားပါတယ်။

×Close

News

  • ပလက်ဝ စစ်ရှောင်များ ဆေးဝါးအပါအဝင် ကျန်းမာရေး ထောက်ပံ့မှုများ လိုအပ်
    IDPs Face Severe Medicine Shortages in Paletwa Township — November 7, 2024 3:02 pm
  • ပင်လောင်းရောက် စစ်ရှောင်များ အကူအညီလိုအပ်နေ
    1,000 Displaced Need Urgent Aid in Pinlaung Township, Shan State — October 30, 2024 1:52 pm
  • ပအိုဝ်းပြည်သူ့စစ်က ရွာသားများကို ရွာပြင်ထွက်ခွင့်ပိတ်
    Junta-Aligned Pa-O Militia Bans Residents from Leaving Villages — October 29, 2024 2:23 pm

Recent Posts

  • အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ဆူနာမီသတိပေးချက် ထုတ်ပြန် 
  • ထိုင်းတွင် Pink Card လျှောက်လွှာတင်ရန် အောက်တိုဘာ ၁၅ ရက်နေ့တွင် စမည်
  • ဝိုင်းမော်နှင့် ဗန်းမော်တွင် တိုက်ပွဲပြင်းထန်၊ KIA နှင့် ပူးပေါင်းတပ်က တပ်စခန်းအချို့ ပြန်သိမ်း


  • လေးကေကော်တွင် တိုက်ပွဲ ပြင်းထန်၊ KNLA ပူးပေါင်းတပ်က နေရာအချို့မှ ယာယီဆုတ် 
  • မင်းတပ် စာသင်ကျောင်း ဗုံးကြဲခံရ၊ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံး

Archives

Related Posts

အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်   သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။   အင်အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။   ဒီကနေ့ မနက် ဒေသစံတော်ချိန် ၉ နာရီ ၄၅ မိနစ်မှာ မဂ္ဂနီကျု ၇.၄ ရှိတဲ့ ငလျင်တစ်ခုက ဖိလစ်ပိုင် တောင်ပိုင်း မင်ဒနောင်း (Mindanao) မြို့အရှေ့တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။   မြေအောက် ၅၈.၁ ကီလိုမီတာအနက်မှာ ဗဟိုပြုတဲ့ ငလျင်ကြောင့် ဖိလစ်ပိုင်မှာ ၃ မီတာ (၁၀ပေ) ရှိတဲ့ ဆူတာမီလှိုင်းတွေ ဖြစ်နိုင်ပြီး အင်ဒိုနီးရှားမှာတော့ ဆူနာမီလှိုင်းတွေဟာ ၁ မီတာလောက်အထိ ရှိနိုင်တယ်လို့ အမေရိကန် ဆူနာမီသတိပေး စနစ်က ထုတ်ပြန်ထားပါတယ်။   ဖိလစ်ပိုင်တောင်ပိုင်း မင်ဒနောင်းမှာတော့ ပျက်စီးမှုတွေ ရှိခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ကမ်းခြေမှာ ရှိတဲ့ ပြည်သူတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ ကူညီပေးနေကြပါတယ်။   ငလျင်ကြောင့် ထိခိုက်သေဆုံးမှု သတင်းတွေတော့ မရှိသေးပါဘူး။   အင်ဒိုနီးရှားမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားရတယ်လို့ ဆိုပါတယ်။ ဆူလာဝေဆီ ကျွန်းနဲ့ ပါပူဝါ ဒေသတွေမှာတော့ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။  

အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ဆူနာမီသတိပေးချက် ထုတ်ပြန် 

  • October 10, 2025

လေးကေကော်တွင် တိုက်ပွဲ ပြင်းထန်၊ KNLA ပူးပေါင်းတပ်က နေရာအချို့မှ ယာယီဆုတ် 

  • October 9, 2025

ဘုံဘေမြို့ ဒုတိယလေဆိပ်သစ် ဖွင့်လှစ်

  • October 9, 2025
ထိုင်းတွင် Pink Card လျှောက်လွှာတင်ရန် အောက်တိုဘာ ၁၅ ရက်နေ့တွင် စမည်   သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။   ထိုင်းနိုင်ငံတွင် စာရွက်စာတမ်း အထောက်အထားများ မရှိသည့် ရွှေ့ပြောင်းလုပ်သားများ အတွက် တရားဝင် အလုပ်လုပ်ခွင့်နှင့် ယာယီနေထိုင်ခွင့်ရရှိမည့် Pink Card (ပန်းရောင်ကတ်/ပန်းရောင်ဘတ်) အသစ်ကို ထုတ်ပေး ရန် ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။   ဤ Pink Card (ပန်းရောင်ဘတ်) အစီအစဉ်သည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသားများ အတွက် အထူးရည်ရွယ်သည်ဟု ထိုင်းသတင်းများက ဆိုသည်။   ထိုင်းအစိုးရ၏ ရည်ရွယ်ချက်မှာ လက်ရှိ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်နေ ကြသော ရွှေ့ပြောင်း အလုပ်သမားများ တရားဝင်ဖြစ်ရေး ဖြစ်သည်။   ခန့်မှန်းခြေ ၅ သိန်းမှ ၇ သိန်းဝန်းကျင် ရှိသော ရွှေ့ပြောင်းလုပ်သားများ အားလုံးကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိစေရန်နှင့် ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများကို ကာကွယ်ပေးရန် ဖြစ်သည်ဟု ထိုင်းအစိုးရက ဆိုသည်။   အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ Pink Card လျှောက်ထားခြင်း လုပ်ငန်းစဉ်ကို အဓိကအားဖြင့် အဆင့် သုံးဆင့် ခွဲခြား လုပ်ဆောင်ရမည် ဖြစ်သည်။   အမည်စာရင်းပေးသွင်းခြင်းနှင့် ယာယီလုပ်ကိုင်ခွင့်၊ ဆေးစစ်ခြင်းနှင့် အာမခံဝယ်ယူခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် ဗီဇာလျှောက်ထားခြင်း စသဖြင့် အဆင့် ၃ ဆင့်ရှိသည်။   ပထမဦးဆုံးအနေဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့ အတွင်း လူသစ် အမည်စာရင်း (Name Lists) များကို သက်ဆိုင်ရာဌာနတွင် ပေးသွင်းရမည်။   အမည်စာရင်းသွင်းပြီးသည်နှင့် ၎င်းလုပ်သားများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ယာယီအလုပ်လုပ်ခွင့်ကို ရရှိသွားမည်ဖြစ်သည်။   ဒုတိယအဆင့်အနေဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ ကာလအတွင်းတွင် ရွှေ့ပြောင်း အလုပ်သမားများက ဆေးစစ်ခြင်း၊ ကျန်းမာရေးအာမခံ ဝယ်ယူခြင်း နှင့် Work Permit (အလုပ်လုပ်ခွင့် လက်မှတ်) အတွက် လိုအပ်သော ငွေကြေးများကို သွင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည်။   အထက်ပါ ပထမနှင့် ဒုတိယအဆင့် လုပ်ငန်းစဉ်အားလုံး ပြီးစီးသွားပါက နောက်ဆုံးအဆင့် အနေဖြင့် ထိုင်းနိုင်ငံ ၏ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးများတွင် လက်ဗွေနှိပ်ခြင်း နှင့် ဗီဇာ (Visa) လျှောက်ထားခြင်း တို့ကို ဆက်လက် ဆောင်ရွက်ရမှာဖြစ်သည်။   ဤလုပ်ငန်းစဉ်များ ပြီးဆုံးသွားပါက ရွှေ့ပြောင်းလုပ်သားများသည် တစ်နှစ်သက်တမ်း (၂၀၂၆ ခုနှစ်၊ အောက်တို ဘာလ ၁၄ ရက်နေ့အထိ) တရားဝင် အလုပ်လုပ်ခွင့်ကို ရရှိမှာဖြစ်သည်။

ထိုင်းတွင် Pink Card လျှောက်လွှာတင်ရန် အောက်တိုဘာ ၁၅ ရက်နေ့တွင် စမည်

  • October 9, 2025

မင်းတပ် စာသင်ကျောင်း ဗုံးကြဲခံရ၊ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံး

  • October 9, 2025

အစ္စရေးနှင့် ဟားမာ့စ် ငြိမ်းချမ်းရေး ပထမဆင့် သဘောတူညီချက်ရ

  • October 9, 2025
ဝိုင်းမော်နှင့် ဗန်းမော်တွင် တိုက်ပွဲပြင်းထန်၊ KIA နှင့် ပူးပေါင်းတပ်က တပ်စခန်းအချို့ ပြန်သိမ်း

 သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။   ကချင်ပြည်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့များနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဘက်မှ နေရာအချို့ ဆုတ်ခွာပေးထားရသည်။   အောက်တိုဘာလ ၉ ရက်နေ့အထိ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ် နှစ်ခုစလုံးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။   ပြီးခဲ့သည့်ရက်ပိုင်းအတွင်း KIA ပူးပေါင်းတပ်ဖွဲ့သည် စစ်ကော်မရှင်တပ်၏ ရှေ့တန်းစခန်းအချို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည် ဟု KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောသည်။   အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူနှင့် မြစ်ကြီးနားမှ လက်နက်ကြီး ပစ်ကူများ ရယူနေသည့်ကြားမှပင် KIA က ၎င်းတို့၏ ကာကင်းစခန်း/ကင်းစခန်း အချို့ကို သိမ်းယူနိုင်ခဲ့သည်။   ဝိုင်းမော်ဒေသတွင် လမြန်ကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းတပ်စွဲထားသော စခန်းငယ် (ကင်းစခန်း) နှစ်ခုကို သိမ်းပိုက်ရရှိခဲ့သည်။   ဗန်းမော်မြို့နယ်ထဲတွင်လည်း ခလရ ၄၇ အနီးရှိ စစ်ကော်မရှင်တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာ ၄ နေရာ ထက် မနည်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။   အလားတူ အောက်တိုဘာလ ၇ ရက်နေ့က ဗန်းမော်တိုက်ပွဲ၌ စစ်ကော်မရှင်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် အရာရှိနှင့် စစ်သားအချို့ သေဆုံးမှုများ ရှိခဲ့ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။   ဗန်းမော်တိုက်ပွဲသည် ၁၀ လနီးပါး ကြာမြင့်လာပြီ ဖြစ်ပြီး ကချင်ပြည်အတွင်း အပြင်းထန်ဆုံးနှင့် အကြာရှည်ဆုံး တိုက်ပွဲများထဲမှ တစ်ခုဖြစ်သည်။   နှစ်ဖက်တပ်ဖွဲ့များသည် မြို့တွင်းနှင့် မြို့နားတစ်ဝိုက်ရှိ စစ်ရေးအရ အရေးပါသော စခန်းများကို အပြန်အလှန် သိမ်းပိုက်လိုက်၊ ပြန်ပေးလိုက် အနေအထားဖြင့် တိုက်ပွဲများ ဆက်ဖြစ်နေကြသည်။   လအတော်ကြာ တိုက်ပွဲများကြောင့် ဗန်းမော်မြို့မှာ တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ အရပ်သား ထောင်နှင့်ချီ သည်လည်း နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

ဝိုင်းမော်နှင့် ဗန်းမော်တွင် တိုက်ပွဲပြင်းထန်၊ KIA နှင့် ပူးပေါင်းတပ်က တပ်စခန်းအချို့ ပြန်သိမ်း



  • October 9, 2025

ဒဏ်ရာရ ကျားသစ်ကို မြစ်ရေထဲမှာ ကယ်ဆယ်

  • October 9, 2025

ပူတာအိုတွင် စစ်တပ်ထောက်ခံပွဲကို လုံခြုံရေး အပြည့်ဖြင့် ကျင်းပ

  • October 8, 2025
×Close