လယ်ယာမြေများပြန်လုပ်ကိုင်ခွင့်ရရေး ကချင်ပြည်နယ် အစိုးရထံတောင်းဆိုမည်

သတင်းနှင့်မီဒီယာကွန်ယက်။
ဇွန်လ ၂၅ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

မြစ်ကြီးနား တနိုင်းလမ်းပေါ်ရှိ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာမှ လယ်သမား ၈၅ ယောက် လုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများအား တရုတ်ကုမ္ပဏီမှ ဆက်လက် မလုပ်ကိုင်ရန် တားမြစ်ထားသည်ဟု ဒေသခံများက ပြောသည်။

မန်ပန်ကျေးရွာရှိ လယ်သမား ၈၀ ကျော်တွင် လယ်သမားအချို့သည် လယ်ယာမြေများကို စတင် လုပ်ဆောင်ချိန်မှစ၍ မြေခွန်ပြေစာများကို ပြုလုပ်ထားကြပြီး ၂၀၁၃-၂၀၁၄ အထိပြေစာ ပြုလုပ်ခဲ့ သည်ဟုဆိုသည်။

“၅ နှစ် ရှိတဲ့လူလည်း ရှိမယ်။ နှစ် ရှိတဲ့လူလည်း ရှိမယ်။ သုံးနှစ် ရှိတဲ့လူလည် ရှိတာပေါ့ဗျာ။ အဲ့ဒီထဲမှာ ကျွန်တော်တို့ လုပ်တဲ့ အတိုင်းအတာက အရင်တုန်းက ကျွန်တော်တို့ရဲ့ မြေကို မတရား သိမ်းယူသွားတဲ့အတွက် ကျွန်တော်တို့မှာ လုပ်စရာလည်း မရှိပါဘူး။ ယာမြေက ဒါပဲရှိတဲ့အတွက် သူတို့ယူခိုင်းတော့ ပြန်လုပ်တယ် ဒါပဲ ရှိပါတယ်။ အခု တရုတ်ကုမ္ပဏီရဲ့ တားမြစ်ခံထားရတာက စုစုပေါင်း ၈၅ ယောက် ရှိပါတယ်” ဟု မန်ပန်ကျေးရွာမှ လယ်သမား ဦးစိုင်းထင်လင်းကဆိုသည်။

အဆိုပါ လယ်ယာမြေများတွင် အချို့လယ်ယာမြေများအား ၂၀၀၉ /၂၀၁၀ ခုနှစ်တွင် မြောက်ပိုင်း တော်ဝင် ကျောက်စိမ်း ကုမ္ဗဏီမှ တစ်ဧကလျှင် ကျပ် ရှစ်သောင်းဖြင့် အတင်းအဓမ္မ ဝယ်ယူခဲ့သည် ဟု ဒေသခံ လယ်သမားများက ပြောသည်။

ထို့နောက် မြောက်ပိုင်း တော်ဝင် ကျောက်စိမ်း ကုမ္ဗဏီမှ တရုတ်ကုမ္ဗဏီထံသို့ နှစ် ၃၀ ဂရမ်ဖြင့် မြေဧက ၃,၀၀၀ ခန့်ကို စာချုပ်စာတမ်းဖြင့် ငှားရမ်းထားသည်ဟု ဒေသခံလယ်သမားများမှ ဆိုသည်။

မြောက်ပိုင်းတော်ဝင် ကျောက်စိမ်း ကုမ္ဗဏီ်မှ တရုတ် ကုမ္ဗဏီထံသို့ ငှားရမ်းထားသော မြေနေရာ များသည် မြေလွှတ်မြေရိုင်းများ မဟုတ်ဘဲ မိမိတို့၏ မြေနေရာ ဧက ၂,၀၀၀ ခန့်ပါရှိသည်ဟု ဒေသခံများမှ ပြောသည်။

ဒေသခံလယ်သမား ဦးခွန်တူးက”နိုင်ငံတော်က မြေစာရင်းဌာန မြေတိုင်းမှူးတွေဆီမှာလည်း ပြေစာလုပ်တယ်။ ပြေစာလုပ်တဲ့အချိန်မှာ ဘယ်လို ပြောသလဲဆိုတော့ ၃ နှစ်မှာ ကိုယ်ယူထားတဲ့ ဧရိယာ ကိုယ်လုပ်ရမယ်လို့ ပြောပါတယ်။ အဲ့ဒါကို ပေါက်ပြားနဲ့လုပ်တယ်။ ခြေထောက်နဲ့ လုပ် တယ်။ တချို့က ကျွဲ နွားရှိတဲ့လူက ကျွဲ နွားနဲ့ လုပ်တယ်။ အဲ့ဒီချိန်မှာ သူငယ်ချင်းနဲ့ ကျွန်တော့် ကြားမှာ ကိုယ်လုပ်ဖို့ ဧရိယာမပြည့်သေးဘူး။ ကိုယ့်မှလည်း ကျန်သေးတယ်။ သူလည်း တစ်ဧက နှစ်ဧကပဲ လုပ်တယ်။ ကျွန်တော်လည်း တစ်ဧက နှစ်ဧကပဲ လုပ်သေးတယ်။ ဒါပေမယ့် နောက် နှစ်မှ သူခြံရော ကျွန်တော့်ခြံရော စီမံကိန်းလုပ်ဖို့ရှိတယ်တဲ့။ အဲ့ဒီအချိန်မှာ တရုတ်တွေကဝင်ပြီး ကျွန်တော်တို့ကြားမှာ ဘူဒူဇာနဲ့ ထိုးလိုက်တယ်။ ဘက်ဖိုးနဲ့ ထိုးလိုက်တယ်။ ထွန်စက်နဲ့ထိုးလိုက် တယ်လေ” ဟုပြောသည်။

မန်ပန်ကျေးရွာရှိ လယ်သမားအချို့သည် လုပ်ကိုင်စားသောက်ရန် မြေနေရာမရှိသောကြောင့် အခက်အခဲဖြစ်လာပြီး မိမိတို့မရောင်းချချင်သော မြေယာများကို ရောင်းချခဲ့ရသည့်အတွက် ၎င်းမြေ နေရာများတွင် လယ်ပြန်လည် လုပ်ကိုင်ရခြင်း ဖြစ်သည်ဟုဆိုသည်။

ဒွန်ဘန်ကျေးရွာအုပ်စု မန်ပန်ကျေးရွာ၏ လယ်ယာမြေကိစ္စများကို ကချင်ပြည်နယ်အစိုးရထံသို့ လယ်သမား ၁၂၅ ဦးမှ လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဟုသိရသည်။