ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အခမ်းအနား နှင့် ပတ်သက်ပြီး တအာင်းအမျိုးသား လွတ်မြေက်ရေးတပ်မတော် ( PSLF/TNLA ) မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော် နှင့် သတင်းနှင့် မီဒီယာကွန်ယက်မှ သြဂုတ်လ ၂၉ ရက်နေ့တွင် မေးမြန်းခဲ့မှုများကို အပြည်အစုံကို ဖော်ပြပေး လိုက်ပါသည်။
မေး – ၂၁ ပင်လုံညီလာခံကို တက်ရောက်ဖို့ မသေချာတော့ဘူးလို့ ပြောလို့ရပါသလားခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် -ဟုတ်ကဲ့ အဲလိုပဲပြောလို့ရပါတယ် မသေချာတော့ပါဘူး
မေး – အခုအချိန်မှာ အစိုးရ တစ်စုံတစ်ရာ ကမ်းလှမ်းလာမယ်ဆိုရင် ဘယ်လို လုပ်ဆောင်ဖို့ ရှိပါသလဲခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် -ကမ်းလှမ်းလာမယ်ဆိုရင်တော့ ဒီနေ့က ၂၉ ရက်နေ့ရှိပြီဆိုတော့ ကျနော်တို့ဖက်ကတော့ တက်တာက ကျနော်တို့ တက်ဖို့ အဆင်သင့်ဖြစ်တယ်လို့ ပြောတာပေါ့ ဒါပေမဲ့က အခု ၂၉ ရက်နေ့ဆိုတော့ ကျနော်တို့အတွက် လောလောဆယ်တော့ တော်တော် လေး အခက်အခဲရှိမယ်ထင်တယ် ခရီးသွားဖို့လာဖို့ကလေ၊ ဘာဖြစ်လို့လည်းဆိုတော့ နေပြည် တော်မှာလုပ်မယ်ဆိုတော့ ကျနော်တို့ နေတဲ့နေရာနဲ့ တော်တော်ဝေးပါတယ်။ဆိုတော့ နည်းနည်း တော့ ခက်မယ်နဲ့တူပါတယ်။ ဒါပေမဲ့သူများတက်တဲ့အချိန်တော့ မမှီဘူးပေါ့ တစ်ဝက်တစ်ပြတ် တော့ရောက်သွားမှာပေါ့။
မေး – ဟုတ်ကဲ့ခင်ဗျား တကယ်လို့ မကမ်းလှမ်းလာရင် မသွားဘူးပေါ့နော၊ ကမ်းလှမ်းလာခဲ့လို့ရှိရင် တော့ သွားမယ်ပေါ့ အဲလိုမျိုးလားခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် – ကမ်းလှမ်းလာရင်တော့ ကျနော်တို့ စဉ်းစားရမဲ့ အနေအထားရှိတာ ပေါ့၊ အခုက ရက်ကလည်း သိပ်ကပ်နေတယ်ဆိုတော့လေ ၃၁ ရက်နေ့ဆို သန်ဖက်ခါတောင် ၃၁ ရောက်ပြီ၊ ဆိုတော့ နည်းနည်းတော့ ခက်ပါတယ်။ အစပိုင်းကတည်းကတော့ ကျနော်တို့က တက်ဖို့ အဆင်သင့်ရှိတယ်လို့ ကျနော်တို့က ပြောထားပြီးသားပါ။ ဒါပေမဲ့ အစိုးရကတော့ ကျနော်တို့ကို အဲဒီ ကော်မတီအဖွဲ့ကော အစိုးရကော ကျနော်တို့ကို သူတို့ ထုတ်စေချင်တဲ့ ထုတ်ပြန်ကြေညာချက်ကို မထုတ်ဘူးဆိုရင်တော့ ကျနော်တို့ကို မဖိတ်တော့ဘူးလို့ ပြောထား ပြီးသားပဲ အဲဒါကြောင့်မို့လို့ ကျနော်တို့လည်း သူတို့ ထုတ်ခိုင်းတဲ့ ထုတ်ပြန်ကြေညာချက်ကို ကျနော်တို့လည်း မထုတ်နိုင်ဘူး အဲဒီအတွက်လည်း ကျနော်တို့ မတက်လည်း ဘာမှ မဖြစ်ဘူး ပေါ့၊ တကယ်လို့ ကျနော်တို့ ထုတ်ဖို့မလိုဘူး ဒီလိုပဲ လာတက်ပါလို့ခေါ်မယ်ဆိုရင်တော့ ဒါက ကျနော်တို့ တက်ဖြစ်ရင်တော့ဖြစ်မှာပဲ။
မေး – အစိုးရက ထုတ်ပြန်ကြေညာချက်ထုတ်ခိုင်းတယ်ဆိုတာက ပြီးခဲ့တဲ့ နှစ်က ကိုးကန့် တိုက်ပွဲ ကြောင့်ပေါ့နော၊ ကိုးကန့်တိုက်ပွဲမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိခိုက် တယ်လို့ပြော တယ်။ နိုင်ငံတော်အချုပ်အခြာအာဏာ ထိခိုက်တယ်လို့ ပြောလာတယ်အပေါ်မှာ ဘယ်လိုပြော ချင်ပါသလဲခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် – ကျနော်တို့က လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်တယ် ကျနော်တို့ နိုင်ငံရေးရည်မှန်း ချက်ကို ဖော်ဆောင်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းဖြစ်တယ် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းဖြစ်တော့ လက်ရှိ အစိုးရဆောင်ရွက် တဲ့ကိစ္စတွေကို ကျနော်တို့ သဘောမတူလို့ ကျနော်တို့ တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဆိုတော့ အဲဒါက နိုင်ငံတော် အချုပ်အခြာအာဏာကို ထိခိုက်တယ်လို့ အဓိပ္ဗယ်ဖွဲ့ဆိုတယ်ဆိုတော့ ဒါက အဓိပ္ဗယ်ဖွင့်ဆိုတဲ့ လူတစ်စုရဲ့ ရပ်တည်ချက် သဘောထားပဲ ဖြစ်တယ်လို့ထင်ပါတယ် ကျနော်တို့က ကျနော်တို့ရဲ့ လိုအပ်ချက် မပြည့်မီလို့ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ရှင်းလို့မရလို့ ကျနော်တို့ လက်နက်ကိုင် ဆင်နွှဲတာဖြစ်တယ် အဲဒါကို နိုင်ငံတော် အချုပ်အခြာအာဏာဆန့်ကျင် တယ် ဘာညာပြောတယ်ဆို တာတော့ ဒါကတော့ မြန်မာ့တပ်မတော်ရဲ့ အဓိပ္ဗာယ်ဖွင့်ဆိုချက် ဖြစ်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ကျနော်တို့က ငြိမ်းချမ်းရေးကို ကျနော်တို့လိုလားတယ် ကျနော်တို့ ငြိမ်းချမ်းရေး တည် ဆောက်နေတဲ့ ငြိမ်းချမ်းရေးညီလာခံကြီးကို ကျနော်တို့ တက်ဖို့က ဆန္ဒရှိတယ်။ တက်ဖို့လည်း ကျနော်တို့ အဲဒီမှာ ဆက်ဆွေးနွေးဖို့လည်း ကျနော်တို့ အဆင်သင့် ဖြစ်တယ် ဒါပေမဲ့လည်း အဲဒီလို တစ်ခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနည်းတူ ကျနော် တို့ကို တန်းတူမထားပဲနဲ့ ဒီလို Statement ထုတ်မှ သူတို့ ထုတ်စေချင်တဲ့ Statement ထုတ် မှ တက်ရမယ်ဆိုရင် ဒါဟာ ကျနော်တို့ မတက်နိုင်ဘူး။ မြန်မာနိုင်ငံရဲ့ ပြဿာနာကတော့ ဒီလိုပုံစံနဲ့ ဆို တော်တော်ရှင်းရခက်မယ့် အနေအထားတော့ရှိလိမ့်မယ်လို့ ကျနော်ဒီလိုပဲမြင်ပါတယ်။
မေး – အစိုးရက ပြောသလိုမျိုး မဟာမိတ်သုံးဖွဲ့က ပေါင်းပြီးတော့တိုက်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ထိခိုက်တယ်လို့ပြောတယ်အပေါ်မှာ လက်ခံပါသလားခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် – ဒါကတော့သူတို့ နိုင်ငံတော် အချုပ်အခြာအာဏာဆိုတာ ဘယ်လို လုပ်မှတိုက်ခိုက်သလဲ ဘယ်လို လုပ်မှဖြစ်သလဲ ကျနော်တို့လည်း မသိဘူးလေ သေချာတာက တော့ ကျနော်တို့ တိုင်းရင်းသားဒေ သ ကျနော်တို့နေတဲ့ နေရာဒေသကိုတော့ အခု မြန်မာ့တပ်မ တော်က လာတိုက်ခိုက်နေတယ် လာလုပ်ချင်သလို လာလုပ်နေတယ် ကျနော်တို့ လူ့ အခွင့်အ ရေးအမျိုးမျိုး လာချိုးဖောက်နေတယ် ဒါကတော့ သေချာရှင်းနေတာပဲ ဆိုတော့ အဲဒီ ပြောနေတဲ့ ဟာကြီးကို ကျနော်တို့က ဘယ်လိုမှ လက်ခံလို့မရဘူး ဒါက ဘာမှ အခြေအမြစ်ရှိတဲ့စကား မဟုတ်ဘူး သက်သက် ပြည်တွင်းစစ်ကို မွေးဖွားချင်လို့ ရှောက်ပြောနေတဲ့စကားဖြစ်တယ်လို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။
မေး – အစိုးရက လက်နက်ကိုင်လမ်းစဉ်/နည်းလမ်းကို အပြီးတိုင်ချုပ်ငြိမ်းရမယ်လို့ ထုတ်ပြန် ချက်ထုတ် ခိုင်းတယ်ပေါ့နော။ ဆိုတော့ ဗိုလ်မှူးကြီးတို့အနေနဲ့ကတော့ လက်နက်ကိုင်လမ်း စဉ်/နည်းလမ်းကို မထုတ်ပေးနိုင်ဘူး။ လက်နက်ကိုင်ပဋိပက္ခကိုပဲ ထုတ်ပေးနိုင်တယ်လို့ပြောတယ်။ အဲဒီ စကားစုနှစ်ခုက ဘယ်လိုကွာခြားချက်ရှိသလဲခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် – အဓိကကတော့ ကျနော်တို့ အခုပြည်တွင်းစစ်ကြီးကို ရပ်စဲဖို့လိုတယ် ပြည်တွင်းစစ် ဖြစ်နေတာက လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတာကြောင့် ကျနော်တို့ ပြည်တွင်း စစ် ဖြစ်နေတာ ဆိုတော့ အဲဒီဟာတွေကို ချုပ်ငြိမ်းဖို့ ကျနော်တို့ ဆန္ဒရှိတယ်လို့ ကျနော်တို့ ပြောချင်တယ် ဒါပေမဲ့ အခု အစိုးရက သူက လက်နက်ကိုင်နည်းလမ်း ကျနော်တို့ရှိနေတဲ့ လက်နက်ကိုင်နည်းလမ်း ဒါက ကျနော်တို့ရဲ့ မဟာဗျူဟာမြောက်တဲ့ဟာတွေကို သူတို့က ပြောနေတယ် ဆိုတော့ အဲဒါလေးတော့ ကွာတယ်လို့ ကျနော်တို့မြင်ပါတယ်။ ဒါပေမဲ့ အခု ကျနော်တို့ ဖြစ်နေတာ စကားလုံးနှစ်လုံးတင်မကပါဘူး အခု ဟာက ကျနော်တို့ နောက်ဆုံး လိုက်လျောနိုင်တဲ့ အစွန်ဆုံး အဆင့်အထိ ကျနော်တို့ လိုက်လျော တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ခုနပြောတဲ့ နည်းလမ်းရော ပဋိပက္ခနောက်ကွယ်မှာကတော့ ကျနော်တို့ မြန်မာ့တပ်မတော်ဖက်က ပြောဆိုတဲ့ဟာတွေ ဥပမာ ဦးလှမောင်ရွှေတို့ပြောတဲ့ဟာ ဦးခင်ဇော်ဦး ပြောတဲ့ဟာ အခုဆိုရင် အစိုးရပြောရေးဆိုခွင့်ရှိတဲ့ ဦးဇော်ဌေး ပြောတဲ့ဟာတွေ အကုန်ပြန်နား ထောင်ကြည့်ပါ အကုန်လုံးက ကျနော်တို့ကို လက်နက်စွန့်ရမယ်ဆိုတဲ့ ကတိပါပဲ ဒါတွေကတော့ ကျနော်တို့ တစ်ဖက်သတ် ခွဲခြားဆက်ဆံတယ်လို့ပဲ ကျနော်တို့မြင်တယ် ဒါက အဖြေဘယ်လိုမှ ထွက်နိုင်တဲ့ အစိုးရရဲ့ချဉ်းကပ်မှု ပြောဆိုမှု မဟုတ်ဘူးလို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။
မေး – မဟာမိတ်သုံးဖွဲ့အနေနဲ့ အနာဂတ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လို လုပ်ဆောင် သွား ဖို့ရှိသလဲ။ ဘယ်လိုဆက်သွားဖို့ရှိသလဲခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် – ကျနော်တို့ကတော့ ကျနော်တို့လည်း မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အ စည်းတွေပဲဖြစ်ပါတယ် အဲဒီတော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနည်းတူ ကျနော်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် တွေ့ဆုံဆွေးနွေးဖို့ အစိုးရကလည်း ကမ်းလှမ်း တယ်ဆိုရင် ကျနော်တို့ကလည်း ဆွေးနွေးဖို့အဆင်သင့်ဖြစ်တယ်။ကျ နော်တို့တွေ့ဆုံနိုင်တယ် ဆွေး နွေးနိုင်တယ် နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင် တာပဲဖြစ်တယ်။ ဒါပေမဲ့ အဲလို တစ်ဖက်သတ် မနွေးဆွေးခင်ကတည်းက မတွေ့ခင်ကတည်းက အဲ ဒီလို ခွဲခြားဆက်ဆံတဲ့ဟာမျိုး တွေဆိုရင်တော့ ဒါ တော်တော်ခက်ခဲတဲ့နည်းလမ်းဖြစ်ပါတယ်။ ကျ နော်တို့လည်း နိုင်ငံရေး ပြဿာ နာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာချင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အ စည်း တစ်ခုပါပဲ။
မေး – UNFC အနေနဲ့ ၂၁ ပင်လုံညီလာခံ တက်ဖို့ ထုတ်ပြန်ချက် ထုတ်ပြန်ထားပြီပေါ့နော၊ ဒါပေမဲ့ တစ်ဖက်မှာက ကချင်ဖက်မှာသော်လည်းကောင်း၊ ရှမ်းမြောက်ဖက်မှာသော်လည်းကောင်း၊ မနေ့ ကဆို SSPP/SSA နဲ့ တိုက်ပွဲဖြစ်တယ် အဲဒီအပေါ်မှာကော ဘယ်လိုသုံးသပ်လို့ရနိုင်သလဲခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် – ကျနော်တို့ပြောနေတာ ဒါပါပဲ မြန်မာနိုင်ငံ အခု ဖြစ်နေတဲ့ပြဿာ နာက တကယ့်ကို ငြိမ်းချမ်း စေချင်တဲ့ စေတနာ မြန်မာ့တပ်မတော်မှာ တကယ်ရှိသလားနော ကျနော်တို့ သုံးဖွဲ့ကိုလည်း တောက်ရှောက်ကြီး Statement ကြီး ထုတ်ရမယ်ပြောတယ်။ တကယ်လို့ ကျနော်တို့ ထုတ်ခဲ့ရင် လည်း နောက်ထပ်တစ်မျိုးထပ်ပြီးတော့မှ ကျနော်တို့ရဲ့ပါဝင်မှု မြန်မာ့တပ်မတော်က ကန့်သတ်နေဦး မှာပဲဖြစ်တယ်။ အခုအဲဒီ ညီလာခံမှာ တက်မယ်ဆိုနေတဲ့ ကျနော်တို့ တစ်ခြား UNFC အဖွဲ့ဝင် တစ်ခြားအဖွဲ့ဝင်တွေ တက်နေတာတောင်မှ အခု ရှမ်းမှာ တိုက်ပွဲဖြစ်တယ် ကချင်မှာလည်း တိုက်ပွဲ ဖြစ်နေတယ်။ ဆိုတော့ ဒီလို ရန်လိုနေတဲ့ အပြုအမှု စစ်ရေးနဲ့ဖြေရှင်းနေတဲ့ အပြုအမှု မြန်မာနိုင်ငံကို ငြိမ်းချမ်း တကယ်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒမရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားက ပြောင်းလဲမှုမ ရှိဘူးဆိုဆိုရင် မြန်မာနိုင်ငံကတော့ ဘယ်လိုမှ နိုင်ငံရေးပြောင်းလဲမှာ မဟုတ်ဘူး ဘယ်လိုညီလာခံပဲ ဘယ်လိုစာချုပ်တွေပဲလုပ်လုပ် ဘယ်လိုပဲ လုပ်လုပ်နေပါစေ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ ဒါက ငြိမ်းချမ်းမှာမဟုတ်ဘူး။ တိုးတက်မှာ မဟုတ်ဘူး ပြည်တွင်းစစ်တွေက ဆက်ဖြစ်နေအုံးမှာပဲ ကျနော် ဒီလိုပဲမြင်ပါတယ်။
မေး – အစိုးရနဲ့ တပ်မတော်ရဲ့ လက်ရှိအနေအထားကို ဘယ်လိုများ သုံးသပ်လို့ရနိုင်သလဲခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် – ကျနော်တို့လည်း သေချာလေ့လာနေဆဲဖြစ်ပါတယ် ကျနော်တို့ မြင်တာ ကတော့ NLD အစိုးရ အခုတက်လာတဲ့ NLD အစိုးရဆိုတာ ကျနော်တို့နဲ့တူတူ တော်လှန်ရေးကာ လတွေမှာ ဒီမိုကရေစီ တော်လှန်ရေးမှာ လက်တွဲဆောင်ရွက်ခဲ့တဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေလို့ ကျနော်တို့ မြင်တယ် အခုတော့ အစိုးရအဖြစ်တက်လာပြီပေါ့ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့ မြန်မာ့တပ်မတော်ဖက်က တစ်ဖက်သတ် ရေးဆွဲထားတဲ့ ကိုင်စွဲထားတဲ့ အာဏာ တွေကြောင့် လုပ်ပိုင်ခွင့်အချို့ အကန့်အသတ်ရှိနေတယ် ဆိုတာ ကျနော်တို့ နားလည်ပါတယ် ဒါပေ မဲ့ တစ်ချို့ ကိစ္စမှာကတော့ တော်တော်လေးကို အခက် အခဲရှိနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ NLD အစိုးရက တကယ်ပဲဆောင်ရွက်နိုင်သလား မြန်မာ့တပ်မတော် ကန့်သတ်ချိုးနှိမ်မှုတွေကို ကန့်သတ်မှုတွေကို ကျော်ဖြတ်နိုင်မလားဆိုတာက တော့ ဒါက ကျနော်တို့ စောင့်ကြည့်ရမဲ့ အနေအ ထားဖြစ်ပါတယ်။ ကျနော်တို့ လောလောဆယ် မြင်တာကတော့ အခုလက်ရှိကတော့ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေနဲ့ မြန်မာ့တပ်မတော်က တော့ တော်တော့ကို လက်ရှိအစိုးရကိုရော ကျနော်တို့ ကျန်တဲ့ ပြည်သူလူထု တွေ အပေါ်မှာရော တော်တော်လွှမ်းမိုးမှုတွေ ရှိနေတယ် ဖိနှိပ်မှုတွေ ဆက်ရှိ နေဆဲပဲလို့ ကျနော် ဒီလိုပဲ ပြောချင်ပါ တယ်။
မေး – ၂၁ ပင်လုံညီလာခံက ၆ လ တစ်ခါပြုလုပ်မယ်လို့ပြောတယ်ပေါ့နော၊ ၃၁ ရက်နေ့မှာလုပ် တဲ့ညီလာခံက ပြီးသွားရင် နောက်ထပ် ၆ လတစ်ခါထပ်လုပ်မယ်ပေါ့နော၊ ဒီအတောအတွင်းမှာ ကမ်းလှမ်းလာလို့ရှိရင် ဘယ်လို ပြင်ဆင်ထားသလဲ၊ ဘယ်လိုအခြေ အနေရှိသလဲခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော် – ကျနော်တို့ကတော့ တစ်ခြားတိုင်းရင်းသားအဖွဲ့တွေနည်းတူပဲ ကျနော် တို့ ပါဝင်နိုင်ဖို့ ဒီ ဆွေးနွေးဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ကတော့ ကျနော်တို့ ဆန္ဒ အပြည့်အ၀ ရှိတယ် ဒါပေမဲ့ ခုနပြောသလို ကြိုတင်ကန့်သတ်ချက်တွေ မလုပ်ပဲနဲ့ ကျနော်တို့ တကယ်ကို ဆွေး နွေးဖြေရှင်းနိုင်မဲ့ နည်းလမ်းဖြစ် တယ်ဆိုရင်တော့ ကျနော်တို့ ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်တယ် ဒါကတော့ ကျနော်တို့ရဲ့ ရပ် တည်ချက်ပါ။
မေး- အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဗိုလ်မှူးကြီး တာဘုန်းကျော်- ဟုတ်ကဲ့ပါခင်ဗျား။