PSLF/TNLA နယ်မြေအတွင်း အစိုးရတပ်မတော်မှ စစ်ရေးလှုပ်ရှားမှုအရှိန် တိုးမြှင့်
သတင်းနှင့်မီဒီယာကွန်ရက်။
စက်တင်ဘာ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။
တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် PSLF/TNLA နယ်မြေအတွင်းသို့ မြန်မာ့တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည်ဟု PSLF/TNLA မှ ပြောသည်။
“ကျနော်တို့ ဒေသအတွင်းမှာတော့ သူတို့ စစ်ရေးလှုပ်ရှားမှုကတော့ အရင်ကထက်ပိုပြီး လှုပ်ရှား လာတယ်။ ဘယ်လိုလှုပ်ရှားတာလည်းဆိုတော့ ခါတိုင်းကတော့ ဒီ သူတို့ထိုးစစ်တွေက တောထဲကို ကျနော်တို့ လှုပ်ရှားတဲ့နေရာတွေမှာ ဝင်ရောက်ပြီးမှ သွားလာမှုတွေ သိပ်မရှိဘူးပေါ့နော၊ အခုနောက် ပိုင်းမှာ တော်တော်လေး လှုပ်ရှားမှုတွေဖြစ်လာတယ်။ ကျနော်တို့ နေတဲ့ နယ်အတွင်းထဲမှာ ဟိုဖက် ဒီဖက် သွားလာမှုတွေရှိတယ်။” ဟု တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် PSLF/TNLA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် မှ ပြောသည်။
စက်တင်ဘာလ လဆန်းပိုင်းတွင် မြန်မာ့တပ်မတော်မှ လူအင်အားအပြင် လက်နက်ခဲယမ်းနဲ့ ရိက္ခာများ ပြန်လည်ဖြည့်တင်းမှုများ ရှိသည် ဟု သိရသည်။
မြန်မာ့တပ်မတော်မှ တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် PSLF/TNLA နယ်မြေဒေသ အသီးသီးသို့ ယခင်ကထက်ပိုမို လှုပ်ရှားမှုများရှိလာပြီး စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခုလိုပြောသည်။
“အခုဟာကတော့ ကျနော်တို့ ရှိတဲ့နေရာ ကျောက်မဲ၊ နမ့်စန်၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ ဒီအထက်ပိုင်းဆို ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်ကို သူတို့က ကျနော်တို့ လှုပ်ရှားမဲ့နေရာကို အဲမှာ သူတို့ က ထိုးစစ်တွေဘာတွေ တောက်လျှောက်လာတယ်။ လှုပ်ရှားမှုတွေရှိတယ်။ ဒီစစ်ရေးလှုပ်ရှားမှုက အရင်ကထက် လှုပ်ရှားမှု ပိုပြီး ပြုလုပ်လာတယ်။ အရင်ကတော့ သူတို့ စစ်ရေး လှုပ်ရှားမှုရှိတော့ရှိ တယ် လှုပ်ရှားမှုသိပ်မရှိဘူး။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်ကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ယခုရက်ပိုင်းအ တွင်း တိုက်ပွဲအခြေအနေငြိမ်သက်နေသည်။
တစ်ဖက်တွင်ငြိမ်းချမ်းရေးလုင်ငန်းများ လုပ်ဆောင်နေသော်လည်း ယခုလို တိုက်ပွဲများဆက်လက် ဖြစ်ပေါ်နေလျှင် ငြိမ်းချမ်းရေးလုပ်ဆောင်မှုအတွက် အဆင်မချောနိုင်ကြောင်း၊ ဒါ့အပြင် အဖွဲ့တစ်ခုနဲ့ တစ်ခု အကြား မလိုလားအပ်သော ပဋိပက္ခများ၊ အဆင်မပြေမှုများဖြစ်လာနိုင်ကြောင်း၊ အစိုးရတပ် မတော် ဖက်မှ စစ်ဆင်ရေးမရှိရင် ပိုပြီးအဆေင်ပြေသွားမှာဖြစ်ပြီး တိုက်ပွဲတွေလည်း အလိုလိုလျော့ နည်းသွားမှာဖြစ်ကြောင်း၊ တိုက်ပွဲအားလုံး၏ အရင်းအမြစ်သည် မိမိတို့ဖက်မှမဟုတ်ကြောင်း၊ အစိုး ရတပ်မှ မိမိတို့ ဒေသသို့ ဝင်ရောက်လာခြင်းကြောင့်သာ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် ကဆက် ပြောသည်။
တအာင်းအမျိုးသားလွတ်လပ်ရေး တပ်မတော် PSLF/TNLA နယ်မြေအတွင်း လတ်တလော တိုက် ပွဲအခြေအနေများ တည်ငြိမ်နေသော်လည်း စက်တင်ဘာလဆန်းတွင် မြန်မာ့အစိုးရတပ်မတော်၊ RCSS/SSA ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) တို့နှင့်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။