KIA တပ်စခန်းများသို့ အစိုးရတပ်မှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်
သတင်းနှင့်မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။
ပထမအကြိမ် ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံပြီးနောက်ပိုင်း စက်တင်ဘာလ ၁၃ မှစ၍ ယနေ့ အထိ မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှေ့တန်းတပ်စခန်းများသို့ လက် နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေနဲ့ပတ်သက်၍ ကချင် လွတ်လပ်ရေတပ်မတော် KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ယခုလိုပြောသည်။
“ဒီ ကိုးလပိုင်ပေါ့နော ကိုးလပိုင်း ၁၃ ရက်ကနေ သူတို့ လက်နက်ကြီးနဲ့ လှမ်းပစ်တာလေ လက်နက် ကြီးနဲ့ လှမ်းပစ်တာ ၁၄ ရက်နေ့မှာတော့ သူတို့ နားပါတယ် ၁၅ ကနေ ပြန်ပစ်တာ ဒီနေ့ ၁၆၊ ၁၇ ပေါ့။ အခုတော့ သုံး ရက်လောက်ရှိပြီ အဲလို ဆက်တိုက်ဆက်တိုက် တိုက်ပွဲတွေဖြစ်တယ်။ ဒီမနက်က တော့ KIA လှုပ်ရှားတပ်ရင်း ၂၅၂ တပ်စွဲထားတဲ့ အင်ခန်ဘွမ်ဆိုတဲ့နေရာမှာ ဒီမနက် ၉ နာရီ ၄၅ မိနစ် ကနေ တိုက်ပွဲပြန်ဖြစ်တယ်ဆိုတာ ကြားရပါတယ် ဒါပေမဲ့ အောက်ခြေ သတင်းတွေ အသေး စိတ် သတင်းတွေကတော့ အခုထက်ထိ မကြားသေးဘူး မြေပြင်တိုက်ပွဲလည်း ဖြစ်တယ် အမြောက်နဲ့ လည်းပစ်တယ်။ လက်နက်ကြီးဆိုတဲ့နေရာမှာ ၆၀ မမ တို့ ၈၁ တို့ နောက်ပြီးတော့မှ ၁၂၀ တို့ ၁၀၅ တို့ အမြဲတမ်း သူတို့ လက်နက်ကြီးနဲ့ပဲပစ်တာ ဒီမော်တာတွေနဲ့ပေါ့။” ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူ မှပြောသည်။
တိုက်ပွဲ ဖြစ်ပွားနေသည့် အင်ခန်ဘွမ်နေရာတွင် မြန်မာ့တပ်မတော်ဖက်မှ နယ်မြေခံတပ်ရင်း ဖြစ်သည့် ခမရ ၃၈၁ နှင့်အတူ အကူတပ်များဖြစ်သည့် ခလရ ၅၀၊ ခလရ ၂၆၀၊ ခလရ ၂၉ တပ်များ ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။
တိုက်ပွဲကြောင့် နှစ်ဖက်တပ်များ၏ ထိခိုက်ကျဆုံးမှုစာရင်းကို အတိအကျ မသိရသော်လည်း KIA ဖက် တွင် ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ မြန်မာ့တပ်မတော်ဖက်တွင် အနည်းငယ် အထိနာသော ပုံစံရှိ ကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ဆိုသည်။
ပထမအကြိမ် ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ နောက်ပိုင်း တိုင်းရင်သား ဒေသအသီးသီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဟု ဒု-ဗိုလ်မှူး ကြီးနော်ဘူ မှ ပြောသည်။
“ဒီ ၂၁ ရာစုပင်လုံညီလာခံပြီးတာနဲ့ သုံးနေရာ သုံးပြည်နယ်မှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပါ တယ် ပြင်းပြင်းထန်ထန်ဖြစ်ပါတယ် အဲဒါကတော့ ဒီပြည်တွင်းငြိမ်းချမ်းရေးဖက်ကို မဦးတည်ပဲနဲ့ နိုင်ငံ ရေးဆွေးနွေးဖို့ဆိုတာကလည် နည်းနည်းဝေးမယ်လို့ထင်တယ် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေး မယ်လို့ ကျနော်ထင်ပါတယ်လို့ အဲလိုပဲ ကျနော်ရှုမြင်ပါတယ် အဲလိုပဲကျနော် ယူဆပါ တယ်။” ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ပြောသည်။
စက်တင်ဘာလအတွင်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA သည် ၁၉၉၄ ခုနှစ်တွင် မြန်မာအစိုးရနှင့် ၁၇ နှစ်ကြာ အပစ်ရပ် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
သို့သော်၂၀၁၁ ခုနှစ် ဇွန်လမှစကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန် အထိ ပင်ဖြစ်သည်။