ပိတ်ပင်ခံထားရသည့် ထိုးစစ်ရပ်တန့်ရေးလှုပ်ရှားမှု ပြန်လည်ကျင်းပခွင့်ရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ငြိမ်းစုစီ ဥပဒေနှင့် ညီညွတ်မှု မရှိ၍ ပိတ်ပင်ခံလိုက်ရသည့် ကချင်ဒေသတွင်းက ထိုးစစ် ဆင်မှု ရပ်တန့်ရေး လူထုဆန့်ကျင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း အစီအစဉ်ကို ဒီက နေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လူထုသောင်းချီ ဆန္ဒထုတ်ဖော်ခဲ့သည်။
ငြိမ်းစုစီ ဥပဒေအရ ဆန္ဒထုတ်ဖော်ရန် ငါးရက်ကြိုတင် အကြောင်းကြားရမှာဖြစ်ပြီး ဥပဒေ နှင့် အညီ မလုပ်ဆောင်ပါက အရေးယူသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အောက်တိုဘာ လ ၃ ရက်နေ့က ခွင့်ပြုချက်မရခဲ့သည့် ကချင်ဒေသတွင်း တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ရေး လမ်းလျှောက်ဆန္ဒပြ ထုတ်ဖော်ခြင်း အစီစဉ်ကို ဒီကနေ့ မနက်ပိုင်းမှာ ပြန် လည် ကျင်းပခွင့် ရခဲ့ခြင်းဖြစ်ကြောင်း အစီအစဉ် ဖြစ်မြောက်ရေး ဦးဆောင်သူများက ပြော သည်။
ပြည်သူတယောက်အနေနှင့် နှစ်ဖက်တပ်များအနေဖြင့် လူထုရဲ့ အခြေအနေ အခက်အခဲ များကို ထောက်ရှုပြီး စစ်ပွဲများရပ်စေချင်ကြောင်း မြစ်ကြီးနားမှ ဒေသခံ တစ်ဦးက “အဓိက ရှေ့တန်းထိုးစစ်ဆင်ကို ရပ်ခိုင်းစေချင်တာ၊ အမျိုးသမီးများကို ရည်ရွယ်ချက်ရှိ ရှိနဲ့ အမျိုး သမီးများကို မုဒိန်းမှု အဲဒါကိုရပ်ခိုင်းစေချင်တာ လုံးဝအလိုမရှိဘူး။ ထိုးစစ် ဆင် တာလုံး၀ အလိုမရှိဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ကျနော် နှစ်ဖက်စလုံး အပစ်အခတ်ကို လုံး၀ ရပ် ဆိုင်းစေချင်တယ်” ဟု ပြောသည်။
၂၁ ရာစု ပင်လုံညီလာခံပြီးနောက် အစိုးရတပ်မတော်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကချင်ပြည်လွတ်လပ်ရေး KIO ထိန်းချုပ်နေမြေများသို့ အရှိန်အဟုန်မြင့်စွာ ထိုးစစ်ဆင်မှု များ၊ တိုင်းရင်းသားဒေသအသီးသီးက တပ်မတော်မှ ထိုးစစ်ဆင်မှုများ၊ တိုက်ပွဲများရပ်တန့် ရေးအတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ရခြင်းဖြစ်သည်ဟု ပြောသည်။
“နှစ်ဖက်တပ်ကို ငြိမ်းစေချင်တာပေါ့ ငြိမ်းချမ်းရေးပဲ အဓိက နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ လုပ်တာပဲ အကောင်းဆုံးပဲ။ ကျနော်တို့ ကချင်ပြည်နယ်သာမက တစ်နိုင်ငံလုံးက လက် နက်ကိုင် တိုင်းရင်းသားအားလုံး ကို စစ်မှန်တဲ့ ဖက်ဒရယ်နဲ့ အုပ်ချုပ်စေချင်တယ် တပ်မ တော်နဲ့ အစိုးရလည်း ကောင်း ကောင်းလည်း စည်းစည်းလုံးလုံးနဲ့ ကျနော်တို့ ပြည်သူတွေ ကို မေတ္တာနဲ့ထားပြီးမှ ငြိမ်းချမ်း တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ရအောင် လုပ်ပေး ပါလို့ ကျနော် တို့ ပြောချင်တယ် တပ်မတော်နဲ့ အစိုးရကို။” ဟု မြစ်ဆုံ၊ မလိယန်ကျေးရွာမှ ဦးမုန်ရာက ပြောသည်။
NLD အစိုးရသစ်အနေဖြင့် လက်ရှိ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခ အခြေအနေများကို သိရှိပြီး နိုင်ငံရေးနည်းလမ်းနှင့် အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့သည့် ဦးမုန်ရာက ဆက် ပြောသည်။
“စစ်ရေးကို မလိုချင်ဘူး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ လုပ်စေချင်တယ်။ နောက်ပြီးတော့မှ ကျနော်တို့ အမေစု ကလည်း ကျနော်တို့ တိုင်းရင်းသားအတွက် ဘာမှ မပြောဘူး အဲဒါကြောင့်မို့လို့ တိုင်းရင်း သားအကြောင်း အမေစုနဲ့ NLD သမ္မတကြီးကအစ သိစေချင်တယ် တပ်မတော်လည်း ကျနော်တို့ကို ညှာတာစေချင်တယ် အဲကြောင့် ငြိမ်း ချမ်းတရားမျှတတဲ့ ငြိမ်းချမ်းတဲ့ စစ်မှန် တဲ့ ဖဒရယ်ကို ကျနော်တို့လိုချင်လို့ ဒီမှာ ပါခြင်းဖြစ် တယ်”
ကချင်ဒေသအတွင်း တပ်မတော်မှ ထိုးစစ်ချက်ချင်းရပ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး၊ နိုင်ငံရေးပြဿနာများ မပြေလည်သ၍ အကြီးစားစီမံကိန်းများ ရပ်ဆိုင်းရေး၊ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တပ်မတော်မှ တိုင်းရင်းသူ အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် အဓမ္မပြုကျင့်မှုအလိုမရှိ နှင့် စစ်ဘေးရှောင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး စတဲ့ ကြွေးကြော်သံများဖြင့် မြစ်ကြီးနားမြို့ ရှိ လူစည်ကားရာ နေရာများသို့ လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
အောက်တိုဘာ (၃) ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ၊ တနိုင်းမြို့ နှင့်ရန်ကုန်မြို့တို့တွင် ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများရှိ တပ်မတော်မှ ထိုးစစ်များ ချက်ချင်းရပ်တန့်ပေးရေး လူထုဆန္ဒထုတ်ဖော်ခဲ့ကြသည်။