UNFC မှ နှုတ်ထွက်ရန် KIO ဆုံးဖြတ်ထားခြင်း မရှိသေး
၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) အနေဖြင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း ကေအိုင်အို အနေဖြင့် ဆုံးဖြတ်ချက် ချထားခြင်း မရှိသေးကြောင်း ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ယခုလို ပြောသည်။
“အဲဒါကလည်း အခုမသိသေးဘူး မသိသေးဘူးဆိုတာက အစည်းအဝေး ထိုင်နေတုန်းပဲ ဖြစ်နေတယ်။ ဒီ အစည်းအဝေးပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်။ အဲဒါကတော့ အခုပြောလို့ စောပါတယ်။”
လက်ရှိအနေအထားအရ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) အနေဖြင့် UNFC မှ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးသည့် လမ်းကြောင်းအတိုင်း ဆက်သွားနေဆဲဖြစ်ပြီး UNFC ၏ ဒုတိယ အကြိမ် ညီလာခံမှ အဖွဲ့၏ ဖွဲ့စည်းပုံ၊ မူသဘောထား၊ ပြောင်းလဲမှု၊ ဆုံးဖြတ်ချက်၊ သဘောတူညီချက်၊ ထုတ်ပြန်ချက် အစရှိသည်များကို စောင့်ကြည့် ရမည်ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ တင်ပြတောင်းဆိုထားသည့် အချက် ၉ ချက်အား အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC တို့အကြား မူအားဖြင့် သဘောတူညီမှု ရရှိထားပြီး ဆက်လက် ဆွေးနွေးစရာများ ရှိနေသေးသည်ဟု ပြောသည်။
“မူအားဖြင့် သဘောတူတာကတော့ လက်တွေ့မှာတော့ တော်တော်ပဲ အခက်အခဲတော့ ရှိမယ်လို့ ကျ နော်ထင်ပါတယ်။ လက်တွေ့မှာကတော့ သူတို့ရဲ့ မူအားဖြင့် သဘောတူညီတယ်ဆိုတဲ့ သူတို့ရဲ့ စာ ကြောင်းလေးတွေကို ကျနော်တို့ ကြည့်ရင်တော့ ကျနော်တို့က မူလပေါ့ မူလတင်ပြထားတဲ့ စာတမ်း နှင့် တော်တော်ကွာတာကိုတော့ ကျနော်တို့တွေ့ပါတယ်။ ဒါကြောင့် မူအားဖြင့်ဆိုတဲ့ အကြောင်းကတော့ နည်းနည်းစောင့်ကြည့်ရမယ်လို့ ကျနော်ယူဆပါတယ်။” ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်လည်းဖြစ် အစိုးရနှင့် တိုင်း ရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီစာချုပ် NCA ညှိနှိုင်းစဉ်က တပ်မတော်ဖက်မှ ဦးဆောင်ညှိနှိုင်းဆွေးနွေးခဲ့သည့် ဒု-ဗိုလ် ချုပ်ကြီး(ငြိမ်း) မြင့်စိုးက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) အနေဖြင့် UNFC ရပ် တည်ချက်အတိုင်းမသွားပဲ ပန်ဆန်း(ပန်ခမ်း) အစည်းအဝေး ရပ်တည်ချက်အတိုင်း ရပ်တည် သွားမည် ဆိုပါက ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် အပိုင်းများတွင် ယခင်ကထက် အနည်း ငယ် ပြောရဆိုရခက်ခဲ သွားနိုင်သည်ဟု ဆဲဗင်းဒေးနေ့စဉ် သတင်းဌာနသို့ ပြောဆိုထားသည်။
UNFC အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) သည် ပြီးခဲ့သည့် ပန် ဆန်း(ပန်ခမ်း) အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့ရာ ပန်ဆန်း(ပန်ခမ်း) အစည်းအဝေးမှ ထုတ်ပြန် ချက်တွင် ပါရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ် မရေးထိုး ရန်နှင့် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ/ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSP/ UWSA) ၏ နိုင်ငံရေး ဦးဆောင်မှုအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ် ဆောင်ရန် အစရှိသည့် အချက်များကို ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့်အတူ သဘောတူထားသည့် အဖွဲ့ဖြစ်သည်။