DPN & CT လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၅ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
NCA အပစ်ရပ် လက်မှတ်မရေးထိုးရသေးသည့် UNFC အဖွဲ့မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN နှင့် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့ မှ လုပ်ငန်းဆွေးနွေးညှိနှိုင်းရေးအဖွဲ့ CT အဖွဲ့မှ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးနေကြသည်။
နှစ်ဖွဲ့ ကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စ နှင့် မဟာဗျူဟာ လုပ်ငန်းစဉ်များ ကိစ္စ ရပ်များကို အဓိက ဆွေးနွေးညှိနှိုင်းသွားကြရန် ရှိသည်ဟု သိရသည်။