ငြိမ်းချမ်းရေး ကော်မရှင်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ချင်းမိုင်မြို့တွင် တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၂၈ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်း ရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ ခူးဦးရယ် ခေါင်းဆောင်သည့် အဖွဲ့တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Horizon Village & Resort တွင် ယနေ့ နံနက် ၉ နာရီမှစ၍ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲ စတင်ခဲ့သည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ အဆိုပြုခဲ့သည့် အချက် ၉ ချက်ကို စတုတ္ထအကြိမ် DPN နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် PC ငြိမ်းချမ်းရေး ကော်မရှင် တို့ ပြင်ဆင်ရေးဆွဲခဲ့ကြသည့် အချက်များအပေါ် ယနေ့ ထပ်မံဆွေးနွေးသွားကြမည်ဟု သိရ သည်။

တဆက်တည်းမှာပင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်နိုင်ရေး ကိစ္စများကို ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု သိရသည်။

ယခု အစည်းအဝေးတွင် အစိုးရဖက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အပါအဝင် ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဦးခင်ဇော်ဦး၊ ဦးကျော်သူရ၊ ဒေါက်တာ ခင်သာရှမ်းဇော် တို့ တက်ရောက်နေသည်။

နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် အပါအဝင် ဗိုလ်ချူပ် စိုင်းထူး၊ ဒေါက်တာ လဂျာ၊ ဒေါက်တာ နိုင်ရွှေသိန်း၊ ဗိုလ်မှူး တာ့ညီလူ၊ ဦးထွန်းဇော်၊ ဒူးဝါ ဘဝမ်လယော်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူးကြီး မင်းထွန်း တို့ တက် ရောက်နေကြပြီး အစည်းအဝေးလေ့လာသူများအဖြစ် NCA အပစ်ရပ် ၈ ဖွဲ့မှ ကိုယ်စားလှယ် တွေဖြစ်တဲ့ CNF မှ ဆလိုင်း သလာဟေး နှင့် ABSDF မှ မိဆူးပွင့် တို့လည်း တက်ရောက်ကြ သည်။

http://www.nmg-news.net/dpn-အဖွဲ့ခေါင်းဆောင်-ခူးဦး/

http://www.nmg-news.net/ငြိမ်းချမ်းရေး-ကော်မရှ-3/