တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ချင်းမိုင်မြို့တွင် တွေ့ဆုံ
သတင်းနှင့်မီဒီယာ ကွန်ရက်။
သြဂုတ်လ ၂ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတူလက်တွဲအကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့ကိုယ်စားလှယ်များ နှင့် NCA အပစ်ရပ် ၈ ဖွဲရဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT မှ ခေါင်းဆောင်ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံဆွေးနွေးနေကြသည်။
ဆွေးနွေးပွဲတွင် မူဘောင်ပြန်လည်သုံးသပ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဘက်ပူးပေါင်းလုပ်ဆောင်နိုင်ရေး ကိစ္စ အပါအဝင် ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး မျက်နှာစုံညီအစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး ကိစ္စ နှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် မဟာဗျူဟာချမှတ်သွားနိုင်ရေးကိစ္စတွေကို အဓိက ထား ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။
အစည်းအဝေး ကို အပစ်ရပ် ၈ ဖွဲရဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး ဆလိုင်း ထလာဟေး။ ဗိုလ်မှူးကြီး စိုင်းကျော်ညါန့်၊ ဗိုလ်မှူး စိုင်းငင်း၊ ဗိုလ်မှူး သောမတ်စ်၊ ဗိုလ်ချူပ် စောအိုက်ဇက်ဖိုး၊ ဗိုလ်မှူး စောစမစ်ဒွန်၊ ဆလိုင်းအောင်မြင့် တို့ တက်ရောက်သည်။
နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ခူးဦးရယ် အပါအဝင် နိုင်အောင်မငေး၊ ဗိုလ်မှူးကြီး ဆေအွန်၊ ဗိုလ်မှူး ဟတ်ဟန်၊ ဗိုလ်မှူးကြီး မင်းထွန်း၊ ဦးထွန်းဇော် နှင့် ဒေါ်နာဗစ်ဘို တို့ တက်ရောက်သည်။
NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ NCA အပစ်ရပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံ အပြီး ဇူလိုင်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။