တိုင်းရင်းသားခေါင်းဆောင်များ ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံ

သတင်းနှင့်မီဒီယာ ကွန်ရက်။
သြဂုတ်လ ၁၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ငြိမ်းချမ်းရေး ကော်မရှင် နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ဆဌမအကြိမ်မြောက် တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ယနေ့ နံနက် ၉ နာရီ က စတင်ကျင်းပခဲ့ပါတယ်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲတွင် NCA အပစ်ရပ်လက်မှတ် မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ တင်ပြထားသော အချက် ၉ ချက် ကို အဓိကထား ဆွေးနွေးသွား မည်ဟု သိရသည်။

ဒါ့အပြင် ဥပဒေကြောင်းအရ တရားဝင်မှု Legal Binding နှင့်ပတ်သက်၍ ဆွေးနွေးသွားဖို့ရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချူပ် NCA လက်မှတ်ရေးထိုးရေး ကိစ္စများကိုလည်း ဆွေးနွေးသွားကြမည်ဟု သိရသည်။

အစည်းအဝေးကို ငြိမ်းချမ်းရေး ကော်မရှင် PC မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးနေကြသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းထားသည်။

သတင်းဓါတ်ပုံ – ရန်ကုန် CJ