မန်တုံမြို့ ပြည်သူအချို့ ထိန်းသိမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ် ၁၀ ရက်၊ ၂၀၁၇ ခုနှစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် မန်တုံမြို့ ရှိ ဒေသခံပြည်သူ (၁၀) ဦး ခန့်အား မြန်မာ့ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု ဒေသခံများက ပြောသည်။

မြန်မာ့တပ်မတော်၊ တပ်မ(၇၇) မှ ဒေသခံပြည်သူများအား မသင်္ကာ၍ စစ်ဆေးစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းဇော် မှ ပြောသည်။

“ဒီနေ့မနက်အထိကတော့ သတင်းကတော့ ဆယ်ယောက်လောက် ရှိနေပြီဗျ။ ဘယ်လို ဖမ်း တာလည်းဆိုရင် တပ်မ(၇၇)က တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်နေတာ။ ပြီးတော့ မြို့ ကို အစကတော့ အဝင်ခံပြီး အခုကျတော့ အဝင်ရော အထွက်ရော မခံတော့ဘူး။ မြို့ကိုဝင် လာတဲ့ လူတွေကလည်း ကိုယ့်ရဲ့ ဆွေမျိုးတွေအိမ်မှာ အိပ်လို့မရဘူးဗျ။ တည်းလို့မရဘူး။ ဘုန်း ကြီး ကျောင်းတွေမှာပဲ တည်းနေရတာ။ အဲ့လိုတည်းတယ်ဆိုတော့ လူ့ရဲ့ လိုအပ်ချက်တွေပေါ့ နော် ဆပ်ပြာတို့ သွားတိုက်ဆေးတို့ ဝယ်ဖို့ထွက်လာချိန်မှာ ဒီလူက သံသယရှိတယ်ဆိုပြီး အကုန်လုံး ဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ တပ်မ(၇၇)မှာ ထားတယ်။ ဆယ်ယောက်လောက် ရှိသွားပြီ” ဟု ဦးသိန်းဇော် မှ ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် ဒေသခံပြည်သူများနှင့် ရပ်ကွက်လူကြီးများ၊ မိသားစုဝင်များက တွေ့ဆုံခွင့်တောင်းဆိုထားသော်လည်း ယခုအချိန်ထိ တွေ့ဆုံခွင့်မရသေးဟု ဦးသိန်းဇော်က ပြောသည်။

ယမန်နေ့ ညနေ (၅) ခန့်က ဖမ်းဆီးခံထားရသည့် ဦးဇော်ဆိုင်းအောင်၏ ဇနီးသည်ဖြစ်သူ မန်တုံမြို့ မှ သူနာပြု ဆရာမ ဒေါ်နန်းဟိန်းခမ်းကလည်း သူမ၏ အမျိုးသား ဖမ်းဆီးခံရသည်နှင့် ပတ်သက်၍ ယခုလိုပြောသည်။

“ဘယ်လို အဖမ်းခံရလည်းဆိုတာတော့ အတိအကျမသိဘူး။ ရွာကလူအလုပ်က ပြန်လာတာ သူ့ယောက်ဖရဲ့ စက်ရုံမှာသူကသွားတာ။ အဲ့မှာ ကြိုးတုတ်ပြီးတော့ ရိုက်တယ်လို့ပြောတယ်။ ဘာအကြောင်းပြချက်မှတော့မသိဘူး။ မိသားစုဝင်နဲ့လည်း သူတို့ကတွေ့ ခွင့်မပေးဘူး။ ကြား ကြားချင်းကျမသွားတယ်။ ပေးမကြည့်ဘူးတဲ့ ပြန်လိုက်တော့လို့ပဲပြောတယ်။ သူတို့က အင် အားကလည်းများတယ်၊ စစ်သားတွေဆိုတော့ သိပ်ငြင်းခုံလို့လည်းမကောင်းဘူးလေ ပြန်လာ ရတယ်။ အဲ့ဒီမှာ ကျမအမျိုးသားအပါဝင်နှစ်ယောက်။ နောက်ပြီး ဂေါပကလူကြီးလည်း တစ် ယောက်အဖမ်းခံထားရတယ်။ သူ့ကိုကျတော့ သူ့အိမ်မှာဝင်ဖမ်းတာ။ လက်ဖက်ခြံမှာ မှှိုရှာနေ တဲ့ ဦးလေးကြီးတစ်ယောက်လည်း ဖမ်းပြီး အရိုက်ခံရတယ်တဲ့” ဟု ဒေါ်နန်းဟိန်းခမ်းက ပြော သည်။

ဒေါ်နန်းဟိန်းခမ်း က “ကျမအမျိုးသားက ကချင်ဆိုတော့လေ ဦးဇော်ဆိုင်းအောင်လေ။ သူတို့ က လက်နက်ကိုင် အဖွဲ့ကို ရှာဖွေနေတာဆိုတော့ ဒီလူက ဘာပဲဖြစ်ဖြစ် ကေအိုင်အေပဲ ဖြစ် မှာပဲဆိုပြီး ဖမ်းလိုက်တာလေ။ တကယ်လို့ ပစ္စည်းတွေ အထောက်အထားတွေနဲ့ ဖမ်းတယ် ဆိုရင်တော့ ဖမ်းပေါ့။ အခုက ဖြစ်မှမဖြစ်နိုင်တာ ကျမတို့က ကေအိုင်အေနဲ့ အဆက်အစပ်မှ မရှိတာ။ ကျမအမျိုးသားက သာမန်ပြည်သူပဲလေ။ ကျမက မန်တုံက ဆေးရုံဝန်ထမ်း၊ သူနာ ပြုပါ။ ကျမအမျိုးသားက ကချင်လေ” ဟု ဆက်ပြောသည်။

ဦးဇော်ဆိုင်းအောင်နှင့် မန်တုံမြို့ ဂေါပက လူကြီးဖြစ်သည့် ဦးအိုက်လျန်းအပါဝင် စုစုပေါင်း (၁၀)ဦး ခန့် ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံထားရသည့် ဒေသခံများအား ပြန်လည်လွတ်ပေးရန် တပ်မ(၇၇)မှ ဗျူဟာမှူးအား ဆက်သွယ်ခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိဘူးဟု ဦးသိန်းဇော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် မန်တုံမြို့ အနီးတွင် ယခုလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက် တပ်မတော်မှ ဒေသခံများအား ဖမ်းဆီးေနေခြင်းများအပြင် ယနေ့အချိန်ထိ ခရီးသွား လာခြင်းအား ကန့်သတ်ထားသည့်အတွက် ခရီးသွားပြည်သူများနှင့် ဒေသခံများ အခက်အခဲ အမျိုး မျိုးနှင့် ကြုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

ဦးသိန်းဇော်က “တပ်မတော်က (၄)ရက်နေ့က ဝင်လာတဲ့အချိန် မန်တုံမြို့အဝင်မှာ စပြီး တိုက်ခိုက်ခံရတော့ သူတို့က ဒေါသထွက်တော့ လူထုအပေါ်မှာ အကုန်လုံးပေါ့နော်။ (၅) ရက် နေ့က နေစပြီး အခုထက်ထိအဝင်အထွက်တွေကို ပိတ်ထားတယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် မြို့ပေါ် (၃)ရပ်ကွက်ကို မင်္သာတဲ့လူတွေကို လိုက်စစ်ဆေးတယ်။ ဒါပေမယ့် ရပ်ကွက်လူကြီး တွေက ဒီမှာနေတဲ့လူလို့ပြောရင်လည်း မင်္သကာဘူး စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွား နေတာ တွေရှိတယ်ဗျ၊ အဓိကတော့ ကချင်နဲ့ ပလောင်တွေကို ဖမ်းနေတာဗျ” ဟု ဆက်ပြော သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၊ နယ်လုံဝန်ကြီးနှင့် တပ်မ(၇၇)မှ ဗျူဟာမှူးတို့အား ဆက်သွယ်အကြောင်းအကြားခြင်း၊ မေတ္တာရပ်ခံခြင်းများ ပြုလုပ်ထား သော် လည်း တစုံတရာ အကြောင်းပြန်ခြင်းမရှိသည့်အတွက် မနက်ဖြန်တွင် ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ထံ လိပ်မူ၍ စာပေးပို့သွားမည်ဟု ဦးသိန်းဇော်က ပြောသည်။