ရှမ်း ဒုက္ခသည်များ ရိက္ခာ မဖြတ်တောက်သေးရန် CSSU တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။
နိုင်ငံတကာ ထောက်ပံ့ကူညီရေး အဖွဲ့များအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းဒုက္ခသည်များနှင့် ပြည်တွင်းရွေ့ပြောင်း
နေထိုင်သူ (IDPs) ၆၀၀၀ ကျော်အား စားနပ်ရိက္ခာ ဖြတ်တောက်မည့် အစီအစဉ်အား ပြန်လည် သုံးသပ်ပေးပါ ရန်ရှမ်းပြည်ညီညွှတ်ရေးကော်မ တီ (CSSU) မှ တောင်းဆိုသည်။
“တည်ငြိမ်အေးချမ်းမှု မရှိပဲနဲ့ တိုက်ပွဲတွေ အပြီးသတ် မရပ်ဆိုင်းသွားသေးပဲနဲ့ အကူအညီတွေကို ဖြတ်ထောက်
ပစ်လိုက်မယ် ဆိုလို့ရှိရင် ဒါကျနော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် လူသားအရင်းအမြစ်အတွက် အင်မတန်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အဲဒီ သူတို့ဆုံးဖြတ်ထားတဲ့
အောက်တိုဘာလကျရင် စတင်ဖြတ်တောက်မယ် ဆိုတဲ့ ဟာကို ပြန်လည်ပြီးတော့မှ အလေးအနက်ထား ပြန်လည် သုံးသပ်သင့်တယ်လို့ ကျနော်ပြောကြားလိုပါတယ် ခင်ဗျား” ဟု ရှမ်းပြည်ညီညွှတ်ရေး ကော်မတီ (CSSU) အတွင်းရေး
မှူးအဖွဲ့ဝင် စိုင်းလိတ် မှ ပြောသည်။
ထိုင်းနိုင်ငံအတွင်းတွင် ရှမ်းဒုက္ခသည် စခန်းတစ်ခုနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDPs)
စခန်း ၅ ခုရှိပြီး ၎င်းစခန်းများမှ လူဦးရေ ၆၀၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား ကူညီ ထောက်ပံ့မှုများပေးနေသည့် နိုင်ငံ
တကာ ကူညီထောက် ပံ့ရေးအဖွဲ့ ( TBC ) မှ အောက်တိုဘာလမှ စတင်ကာ ရိက္ခာဖြတ်တောက်တော့ မည်ဟု ဒုက္ခသည်များက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်းနှင့် ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDPs) စခန်းများတွင် ရှမ်း၊ လားဟူ၊
အာခါ၊ ဝ၊ တအာင်း၊ ပအိုဝ်၊ လီဆူ၊ ကရင်နှင့် တရုတ် စသည့် တိုင်းရင်းသားများ ရောနှော နေထိုင်ကြ ပြီး ၎င်းဒုက္ခသည်စ ခန်းများမှာ ကောင်း မုံမိန်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်း နှင့် ကုန်းကျော် ဒုက္ခသည်စခန်းတို့
ဖြစ်သည်။
စစ်မှန်သည့် ငြိမ်းချမ်းရေး မရသေးသည့်အပြင် ၎င်းတို့ နေထိုင်သည့် ရွာများ ပျက်ဆီးသွားခြင်း လုပ်ကိုင်စားသောက်ရန်
လယ်မရှိတော့ခြင်း၊ ကလေးများ၏ ပညာရေး အာမခံချက် မရှိခြင်းတို့ကြောင့် နေရပ်ပြန်ရန် မဖြစ် နိုင်သေးသည့် အနေအ
ထားတွင် ကူညီ ထောက်ပံ့မှုများကို ဆက်လက်ပေးရန် လိုလားသည်ဟု ကုန်းကျော် ဒုက္ခသည်စခန်းမှ လုံးစိုင်းလင်း မှ
ပြောသည်။
“နိုင်ငံတကာ ကူညီထောက်ပံ့ပေးရေးအဖွဲ့က ဆက်ပြီးတော့ ထောက်ပံ့ပေးကြပါ။ အခုအချိန်မှာ ဘယ်လိုမှ ပြန်လို
မဖြစ်သေး ပါဘူး။ ရှမ်းပြည်ထဲမှာလည်း တိုက်ပွဲတွေက လုံးဝမပြီးသေးပါဘူး။ အဲတော့ အဲလိုဖြတ်တောက် လိုက် မယ်ဆိုလိုရှိရင်တော့ ဦးတို့က တော်တော်လေးကို ဘေးအန္တရာယ်ဖြစ်မယ် တော်တော်လေးကို အခက်အခဲတွေ
ကြုံရမှာ အဲဒါကြောင့်မို့လို့ အကူအညီ လက်ရှိအချိန်မှာ မရပ်ပါနဲ့အုံး ဆက်ပြီးတော့ ထောက်ပံ့ပါအုံး အဲလိုမျိုးတောင်း ဆိုချင်ပါတယ်။”
လက်ရှိ အစိုးရ၏ ပေါ်လစီကြောင့်လည်း ထိုင်း-မြန်မာနယ်စပ် နိုင်ငံဖြတ်ကျော် နယ်နိမိတ်ပေါ်ရှိ ဒုက္ခသည် များကိုကူ
ညီထောက်ပံ့ သည်ထက် ပြည်တွင်းရှိ အိုင်ဒီပီများအား ပိုမိုကူညီထောက်ပံ့ရန် ဖြစ်လာသည့်အတွက် နယ်စပ်ရှိ ဒုက္ခ
သည် စခန်းများ အား နိုင်ငံတကာ ထောက်ပံ့ကူညီရေးအဖွဲ့က ကူညီထောက်ပံ့မှုကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု သိရကြောင်း စိုင်းလိတ် မှ ပြောသည်။
ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ ထောက်ခံချက်အရ ၎င်းဒုက္ခသည်များ နှင့် ပြည် တွင်း ရွေ့ပြောင်းနေထိုင်သူများသည် ဒုက္ခသည်စာရင်းထဲတွင် မပါဝင်သည့်အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ ကူညီထောက်ပံ့မှုနဲ့သာ ရပ်တည်နေရခြင်းဖြစ်သည်။
ဒုက္ခသည်များနှင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူ (IDPs)များအား ရိက္ခာ ဖြတ်ထောက်မည်ဟု ကြိုတင် အသိပေးထား
ခြင်းမရှိပဲ နဂို ကူညီထောက်ပံ့မှုများအား ချက်ချင်း ဖြတ်တောက်လိုက်မည် ဆိုပါက ကလေးသူငယ်များ နှင့် သက်ကြီးရွယ်အို များအတွက် ပိုမိုဒုက္ခရောက်နိုင်သည့်အတွက် ရိက္ခာ ဖြတ်တောက်မှုများကို တစ်ဖြည်းဖြည်းချင်း လုပ်ဆောင်သွားရန် (CSSU) မှ တိုက်တွန်းသည်။
“အဲဒီခါကျတော့ သူတို့ကို ကြိုတင် အသိပေးထားတာ မရှိပဲနဲ့ ရက်ပိုင်းအတွင်းမှာ သူတို့ နဂိုရနေတဲ့ အထောက် အပံ့တွေကို ချက်ချင်း ဖြတ်တောက်ပစ်လိုက် မယ်ဆိုလို့ရှိရင် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အကြီးအကျယ် ဒုက္ခရောက် သွားနိုင်တယ်။ ဒါကြောင့်မို့လို့ သူတို့ ဒီလိုမျိုး လောလောလတ်လတ် အထောက် အပံ့ကို ထောက်ပံ့မယ့် အစား လေးငါးခြောက် လ တန်လျှင် တစ်နှစ်တန်လျှင် ကြိုတင်အသိပေးပြီးတော့မှ နောက်မှ တဖြည်းဖြည်း အဲလိုလျှော့ချသွားရင် ဒါလူသားချင်းစာ နာထောက်ထားမှုအရ ပိုပြီးတော့မှ အဓိပ္ပာယ် ရှိမယ် သူတို့အတွက်လည်းပဲ ဒုက္ခတွေ ဒီထက်မ ကညင်ညင်သာသာ ဖြတ် သန်းနိုင် မယ်လို့ယူဆလို့ ဒီလို တိုက်တွန်း ရခြင်းဖြစ်ပါတယ်” ဟု စိုင်းလိတ် မှ ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့ကလည်း နိုင်ငံတကာ ထောက်ပံ့ကူညီရေး အဖွဲ့များမှ ထိုင်း-မြန်မာနယ်စပ်ရှိရှမ်း
ဒုက္ခသည် များနှင့် ပြည်တွင်း ရွေ့ပြောင်း နေထိုင်သူ (IDPs) များ၏ ရိက္ခာ ဖြတ်ထောက်မှုအပေါ် ရှမ်းပြည် ဒုက္ခ သည်များ ကော်မတီနှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် မှ ဒုက္ခသည်များအား ဆက်လက် ကူညီထောက်ပံ့ ပေးပါရန်
သဘောထား ထုတ်ပြန်ထားသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်း နှင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူ ( IDPs) စခန်းများသည် ၁၉၉၉ ခုနှစ်တွင် စတင်ဖြစ် ပေလာခဲ့ပြီး ၎င်းစခန်းများရှိ ဒုက္ခသည်များမှာ ၁၉၉၆၊ ၁၉၉၈ ခုနှစ်က ရှမ်းပြည်နယ် အ တွင်းတွင် စစ်အစိုးရ မှ ဒေသခံများအား အတင်းအဓမ္မ နေရပ် စွန့်ခွာခိုင်းခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီး ခြင်းတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး လာကြသူများ ဖြစ်သည်။