Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

KIO/KIA ဌာနချုပ် လိုင်ဇာတွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ကချင်အမျိုးသားတွေ့ဆုံဆွေးနွေးပွဲ

  • November 11, 2017
ကချင် လူထု သဘောထား တသားတည်းဖြစ်ရန် ဆွေးနွေးပွဲကျင်းပ
တွေ့ဆုံရေးဆိုင်ရာ သဘောထားအတွက် မြောက်ပိုင်း မဟာမိတ်များ အစည်းအဝေး ခေါ်မည်

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ တရုတ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့်အတွက် ကုန်သွယ်ရေးစစ်ပွဲများ မဆင်နွှဲသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု အလွန်အမင်း များပြားနေခြင်းနှင့် ငွေကြေးတန်ဖိုး လျှော့ချထားခြင်းတို့ကြောင့် ကုန်သွယ်ရေး မညီမျှမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံစလုံး၏ မူဝါဒရေးရာ စိုးရိမ်မှုများကို တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် အဖြေရှာသင့်ကြောင်းနှင့် ဂျာမနီအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုကို ကာကွယ်ပြီး ကာကွယ်ရေးဝါဒကို ငြင်းပယ်ရာတွင် ဥရောပသမဂ္ဂအတွင်း ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုသည် အားလုံးအတွက် အကျိုးရှိကြောင်း သဘောတူညီခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ဆံရေးသည် တရားမျှတသည့် စည်းမျဉ်းများ၊ တန်းတူညီမျှမှုများအပေါ် အခြေခံရမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ #EU #တရုတ် #ကုန်သွယ်ရေးစစ်ပွဲ
    ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား — September 23, 2026 1:50 pm
  • အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ အီရန်နှင့် ဖြစ်ပွားနေသည့် ၇ လကြာ စစ်ပွဲအတွင်း ပျက်စီးသွားခဲ့သော အရှေ့အလယ်ပိုင်းဒေသရှိ စွမ်းအင် အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်နှင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံတန် ရန်ပုံငွေ စီမံကိန်းတစ်ခုကို အမေရိကန် အစိုးရအဖွဲ့က အဆိုပြုလိုက်သည်။ ဝေါစထရိဂျာနယ် (The Wall Street Journal) သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါ "PACT" စီမံကိန်းအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၅ ဘီလီယံ ထည့်ဝင်မည်ဖြစ်သည်။ ကျန် ဒေါ်လာ ၅ ဘီလီယံကို ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ အီရတ်နှင့် ဂျော်ဒန် စသည့် ဒေသတွင်း မဟာမိတ် ၈ နိုင်ငံမှ ပူးပေါင်းထည့်ဝင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းသည် စစ်ပွဲကြောင့် ပျက်စီးခဲ့သည့် ရေနံပိုက်လိုင်းများ၊ ရေနံသန့်စင်စက်ရုံများနှင့် ပို့ကုန်ဆိပ်ကမ်းများကို ပြန်လည်တည်ဆောက်ရန်ဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားကို မဖြတ်သန်းရဘဲ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့နိုင်မည့် အစားထိုး လမ်းကြောင်းသစ်များကို ဖော်ထုတ်ရန် ရည်ရွယ်သည်။ သို့သော် ဒေသတွင်း အာဏာပိုင်အချို့ကမူ စစ်ပွဲ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိသေးမီ အချိန်တွင် စွမ်းအင်စက်ရုံများကို ပြန်လည်တည်ဆောက်ပါက အီရန်၏ တိုက်ခိုက်မှုများ ထပ်မံကြုံတွေ့ရနိုင်သဖြင့် ယခု စီမံကိန်းမှာ စောလွန်းသေးကြောင်း သတိပေးထားသည်။ #Trump
    အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု — September 23, 2026 1:47 pm
  • သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ အိမ်ဖြူတော်က မီဒီယာအချို့၏ သတင်းရယူခွင့်ကို ပိတ်ပင်လိုက်သည့်အပေါ် မကျေနပ်သည့်အတွက် အမေရိကန် ပင်မ ရုပ်သံကွန်ရက်ကြီးများ ပူးပေါင်း၍ သမ္မတ ဒေါ်နယ်ထရန့်၏ သတင်းရိုက်ကူး တင်ဆက်မှုများကို ရပ်ဆိုင်းကာ ဆန္ဒပြခဲ့ကြသည်။ စက်တင်ဘာ ၂၁ ရက်တွင် သမ္မတ ဒေါ်နယ်ထရန့်က CNN၊ MS NOW နှင့် Politico သတင်းဌာန ၃ ခုအား အိမ်ဖြူတော်အတွင်း သတင်းရယူခွင့် ပိတ်ပင်ခဲ့သည်။ အဆိုပါ အရေးယူမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ABC၊ CBS၊ CNN၊ Fox နှင့် NBC တို့ပါဝင်သော အမေရိကန် ထိပ်သီး ရုပ်သံလိုင်း ၅ ခုသည် သမ္မတ၏ သတင်းများကို စုပေါင်းရိုက်ကူးပေးသည့် (Pool Coverage) လုပ်ငန်းစဉ်များကို အတူတကွ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြမှုကြောင့် နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် သမ္မတထရန့်၏ ခရီးစဉ်တစ်ခုလုံးအား သတင်းမီဒီယာများမှ ရုပ်သံသတင်း ရိုက်ကူးတင်ဆက်နိုင်ခဲ့ခြင်း မရှိပေ။ တစ်ချိန်တည်းတွင် သတင်းရယူခွင့် ပိတ်ပင်ခံရသည့် သတင်းဌာနများက အဆိုပါ အမိန့်အား ချက်ချင်းရုပ်သိမ်းပေးရန် တရားရုံး၌ တရားစွဲဆိုထားသည်။ ယခု ပိတ်ပင်မှုသည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းရယူခွင့်ကို ကာကွယ်ပေးထားသည့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက် (First Amendment) ကို တိုက်ရိုက် ချိုးဖောက်နေခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။ သို့သော် သမ္မတ ဒေါ်နယ်ထရန့်က သတင်းမီဒီယာများသည် "ကင်ဆာရောဂါ" သဖွယ်ဖြစ်နေပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ခဲ့သည်။ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း အဆိုပါ မီဒီယာများသည် လက်ဝဲယိမ်း ဝါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ #သမ္မတဒေါ်နယ်ထရန့် #ABC #CBS #CNN #Fox #NBC
    သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက် — September 23, 2026 1:29 pm

Recent Posts

  • ကရင်နီတွင် စစ်တပ်က အရပ်သားများကို ဒရုန်းဖြင့် ပစ်မှတ်ထား
  • ပုဏ္ဏားကျွန်းကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၂ ဦး သေဆုံး
  • မကွေး – ရခိုင်အစပ်တိုက်ပွဲ စစ်တပ်က တပ်ရင်းမှူး ၂ ဦး သေဆုံး
  • ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား
  • အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု

Archives

Related Posts

ကရင်နီတွင် စစ်တပ်က အရပ်သားများကို ဒရုန်းဖြင့် ပစ်မှတ်ထား သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ ရှမ်း-ကရင်နီအစပ်နှင့် ကရင်နီပြည်တွင် စစ်အုပ်စုတပ်သည် စစ်ဘေးရှောင်စခန်းများ၊ ကျေးရွာများ၊ စာသင် ကျောင်းများနှင့် စိုက်ပျိုးရေးခင်းများကို အသေခံဒရုန်းနှင့် လေကြောင်းသုံး၍ ပစ်မှတ်ထား ဆက်တိုက် တိုက်ခိုက် နေသည်ဟု ဒေသခံများနှင့် စစ်ရှောင်များက ပြောသည်။ မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စုတပ်သည် မြေပြင်၌ ရှေ့မတိုးနိုင်ဘဲ အထိနာနေသောကြောင့် လေကြောင်းနှင့် ဒရုန်းအသုံးပြု တိုက်ခိုက်မှုများကို ပိုမို ခပ်စိပ် စိပ် ပြုလုပ်လာခြင်းဖြစ်သည်။ စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင်လည်း ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း (ကေးလျားမြို့နယ်) ရှိ ကျေးရွာတစ်ရွာသို့ စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး ဦးခေါင်းနှင့် နောက်ကျောတို့တွင် ဒရုန်းဗုံးစ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက “စစ်အုပ်စုတပ်က နေသာတဲ့ရက်ဆို နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ ကင်းထောက်တာတွေ၊ တောင်ယာလုပ်ငန်းခွင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နေတာပါ။ အခု ရက်က တောင်ယာပေါင်းရှင်းရမယ့် ရာသီဖြစ်ပေမဲ့ လုံခြုံရေးအရ ခင်းထဲမသွားရဲကြတော့ သီးနှံတွေ ပျက်စီး မှာ သေချာနေသလို ရှေ့ဆက် စားနပ်ရိက္ခာ အခက်အခဲတွေပါ ကြုံလာရနိုင်ပါတယ်” ပြောသည်။ ထို့ပြင် ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ရှိ ဝါရီဆူးပလိုင်ကျေးရွာ၌ စက်တင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၄ နာရီ အချိန်ခန့်တွင် စစ်ဘေးရှောင်စခန်းမှ ထင်းသယ်ရန် ရွာအတွင်းသို့ ခဏပြန်လာသည့် အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးမှာ စစ်အုပ်စုတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ ရသည်။ မိုးဗြဲဒေသခံတစ်ဦးက “ဝါရီဆူးပလိုင်ရွာနားထိ စစ်တပ်စစ်ကြောင်း မရောက်သေးပေမဲ့ လက်နက်ကြီးနဲ့ အဝေး ကနေ ခကြာခဏ လှမ်းပစ်နေတာပါ။ ဒရုန်းတွေလည်း နေ့တိုင်း ဝဲနေတော့ ရွာထဲ ခဏပြန်တာတောင် အသက် အန္တရာယ် ရှိနေတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ကလေးကျောင်းကို စစ်အုပ်စုတပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ကစားနေသည့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့်အပြင်၊ ဖရူဆိုမြို့နယ် မိုဆိုရွာအနီး ဒရုန်းကျရောက်မှုကြောင့် KNDF တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ ရသည်။ စက်တင်ဘာလဆန်းပိုင်းမှစ၍ ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲနှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်အုပ်စုတပ်၏ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်သည်။ စစ်ရေးတင်းမာမှုနှင့် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင် ပြည်သူများသည်လည်း ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လက်ရှိတွင် စစ်အုပ်စုတပ်၏ ကင်းထောက်ဒရုန်းနှင့် အသေခံဒရုန်းများ အသုံးပြုမှု ခပ်စိပ်စိပ် ရှိနေသဖြင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များအနေဖြင့် လူစုလူဝေးပွဲများ ပြုလုပ်ခြင်းကို ရှောင်ရှားကြရန်နှင့် လေကြောင်းအန္တရာယ် သတိထားကြရန် တော်လှန်ရေးအဖွဲ့အစည်းများက နှိုးဆော်ထားသည်။ ထို့ပြင် မိုးဗြဲ PDF ကလည်း လုံခြုံရေးအခြေအနေအရ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လွယ်ဝိုင်း၊ လွယ်ယင်း တောင်ခြေ၊ ခေါင်းစံလမ်းနှင့် သွားလာခွင့် ပိတ်ပင်ထားသည့် လမ်းကြောင်းများသို့ ဖြတ်သန်းသွားလာခြင်း မပြုကြရန် အသိပေး ထုတ်ပြန်ထားသည်။ ဓါတ်ပုံ - Crd #ကရင်နီ

ကရင်နီတွင် စစ်တပ်က အရပ်သားများကို ဒရုန်းဖြင့် ပစ်မှတ်ထား

  • September 23, 2026

ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား

  • September 23, 2026

ကုလသမဂ္ဂတွင် ဗီတိုအာဏာ ဖျက်သိမ်းရန် တူရကီသမ္မတ တောင်းဆို

  • September 23, 2026
ပုဏ္ဏားကျွန်းကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၂ ဦး သေဆုံး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် အပါအဝင် ဒေသခံ အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ က ပြောသည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာသို့ စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက်အစောပိုင်း ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ အမျိုးအစား တိုက်လေယာဉ် နှစ်စီးနှင့် Y-12 လေယာဉ်တို့ကို အသုံးပြုကာ ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗုံးသီးများသည် ကျေးရွာ စာသင်ကျောင်း အနီးဝန်းကျင်နှင့် ဒေသခံများ နေထိုင်ရာ ရပ်ကွက်များ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဖက်ကျကျေးရွာသို့ လာရောက် စစ်ဘေးရှောင်နေသူ အသက် ၅၇ နှစ်အရွယ် ဦးမောင်မြကြည် နှင့် ဖက်ကျကျေးရွာ ဒေသခံ အသက် ၇၆ နှစ်အရွယ် ဦးအောင်သန်းမောင် တို့မှာ ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာများ ရရှိပြီး သေဆုံးသွားခဲ့ရသည်။ ဒေသခံ ပရဟိတသမား အမျိုးသားတစ်ဦးက “ဟိုရက်ကပဲ ကုလားချောင်းကျေးရွာကို ကြဲလို့ တစ်ယောက် သေတယ်။ အခု ဖက်ကျကို ကြဲလို့ ၂ ယောက်သေတယ်။ တော်တော်ဆိုးနေတာပါ” ဟု ပြောသည်။ ပုဏ္ဏားကျွန်းမြို့နယ်ကို အခု စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတယ်၊ ပြည်သူတွေလည်း ရှောင်ကြရတယ်၊ တော်တော်ဆိုးနေတာပါ။ လက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တိုက်ပွဲများ ပြင်းထန်နေတာပါ။ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေကို လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်၊ စပါးထား၊ ဖက်ကျနဲ့ ဒီပါရုံ အပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်” ဟု ပြောသည်။ ဖက်ကျကျေးရွာသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ညဉ့် ၁၁ နာရီခွဲခန့်ကလည်း စစ်အုပ်စုတပ်၏ မီးလောင်ဗုံး ကြဲချတိုက်ခိုက်မှု ခဲ့ရဖူးပြီး ဒေသခံ နေအိမ်တစ်လုံး တည့်တည့်ထိမှန် မီးလောင်ပြာကျခဲ့သည့်အပြင် ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့သဖြင့် အသက် ၅၅ နှစ်အရွယ် ဦးစောသိန်း သေဆုံးခဲ့ရသေးသည်။ ဒေသခံ အမျိုးသားတစ်ဦးက “ပုဏ္ဏားကျွန်းမြို့နယ်ကို အခု စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြည် သူတွေလည်း ရှောင်ကြရတယ်၊ တော်တော်ဆိုးနေတာပါ။ လက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တိုက် ပွဲတွေ ပြင်းထန်နေတာပါ။ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေကို လေကြောင်းဗုံးကြဲတာ၊ လက်နက် ကြီး ပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်၊ စပါးထား၊ ဖက်ကျနဲ့ ဒီပါရုံ အပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်” ဟု ပြော သည်။ လက်ရှိတွင် စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ စစ်အင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်အနီး တိုက်ပွဲများ ပြင်းထန်နေသည်။ စစ်အုပ်စုတပ်ဘက်မှ စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လေကြောင်းဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ကွမ်းတောင်၊ စပါး ထား၊ ဖက်ကျ နှင့် ဒီပါရုံ ကျေးရွာ အပါအဝင် ရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ထောင်ပေါင်းများစွာ ဘေးလွတ်ရာ သို့ အရေးပေါ် တိမ်းရှောင်နေကြရသည်။ ဓါတ်ပုံ - Crd #ပုဏ္ဏားကျွန်းမြို့နယ်

ပုဏ္ဏားကျွန်းကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၂ ဦး သေဆုံး

  • September 23, 2026

အရှေ့အလယ်ပိုင်းမှ ရေနံထုတ်လုပ် သယ်ဆောင်နိုင်ရန် ဒေါ်လာ ၁၀ ဘီလီယံတန် စီမံကိန်း အမေရိကန် အဆိုပြု

  • September 23, 2026

ART ဆေး ပြန်ရသော်လည်း ဆေးပြတ်မည်ကို မြစ်ကြီးနားနှင့် ဝိုင်းမော် လူနာများ စိုးရိမ်

  • September 23, 2026
မကွေး - ရခိုင်အစပ်တိုက်ပွဲ စစ်တပ်က တပ်ရင်းမှူး ၂ ဦး သေဆုံး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် ရခိုင်ပြည်အစပ်တွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ တပ်ရင်းမှူး နှစ်ဦး အပါအဝင် အကျအဆုံး များပြားနေ ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းသို့ ပြန်လည် ထိုးဖောက်ဝင်ရောက်နိုင်ရန် အတွက် မင်းတုန်း မြို့နယ် သဖန်ရောင်၊ ဝက်ကော်၊ ပြောင်းကျေးရွာများနှင့် ပွိုင့် (၉၄၈) တောင်ကုန်းဝန်းကျင်သို့ ဩဂုတ်လ ကတည်းက စစ်အင်အားဖြည့်တင်းကာ တကျော့ပြန် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ အဆိုပါ ထိုးစစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်အုပ်စုတပ် မကွေးအခြေစိုက် တပ်မ (၅၅) လက်အောက် ခံ တပ်ရင်းများမှ တပ်ရင်းမှူး နှစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး တင်မျိုးထွဋ် နှင့် ဒုတိယဗိုလ်မှူးကြီး မြတ်သင်း ကျော် တို့ ကျဆုံးသွားကြောင်း ဒေသတွင်း သတင်းများက ဆိုသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။ မကွေးဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “မင်းတုန်းမြို့နယ် သဖန်ရောင်- တလိုင်းတောင်း ရိုးမ ကျော် လမ်းမှာ တိုက်ပွဲဖြစ်လိုက် ပြန်ငြိမ်သွားလိုက်နဲ့ဖြစ်နေတာပါ။ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်တယ်၊ စစ်တပ် အင်အားဖြည့်နေတာ ဩဂုတ်လကတည်းကပါ။ အခုတော့ ပြောင်းရွာ၊ ဝက်ကော်ရွာ၊ သဖန်းရောင်၊ ပွိုင့် ၉၄၈ အဲ့နေရာတွေမှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်နဲ့ အေအေ တိုက်ပွဲပြင်းထန်နေတာပါ။ လက်ရှိ တိုက်ပွဲတွေ ဆက်ရှိနေတယ်၊ စစ်တပ် အထိအခိုက်များတယ်၊ အရာရှိတွေတောင် ကျတယ်” ဟု ပြောသည်။ ထို့ပြင် မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီးနှင့် ပွိုင့် (၉၄၈) တောင်ကုန်းအနီး၌ စက်တင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းအထိ နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုတပ် စစ်ကြောင်းများထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ရုပ်အလောင်းအချို့၏ ဓာတ်ပုံများကို အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၂၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ စစ်အုပ်စုတပ်သည် ရခိုင်နှင့် မင်းတုန်း ကုန်သွယ်စီးဆင်းနေသည့် အဓိကလမ်းကြောင်းဖြစ်သော တလိုင်းတောင်း လမ်းကို ပိတ်ဆို့ထားပြီး AA ရှိနိုင်သည့် နေရာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်လျက်ရှိသည်။ မြေပြင်တွင်လည်း အင်အား ၁,၀၀၀ နီးပါးဖြင့် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်နေ သဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ ဒေသခံ အမျိုးသမီးတစ်ဦးက “မင်းတုန်းရခိုင်အစပ်ကျေးရွာတွေက မတည်ငြိမ်တာ နှစ်ချီနေပါပြီ။ ရွာတွေထဲ ပြန်နေလိုက် ပြေးလိုက်ပါပဲ။ သဖန်ရောင်၊ ဝက်ကော်၊ ပြောင်း နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက လူတွေက အကုန်ထွက်ပြေးနေကြတယ်” ဟု ပြောသည်။ လက်ရှိတွင် သဖန်ရောင်၊ ဝက်ကော်နှင့် ပြောင်းကျေးရွာအပါအဝင် မင်းတုန်း-ရခိုင်နယ်စပ် ကျေးရွာများမှ ဒေသခံများမှာ အိုးအိမ်ပစ်ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များကြောင့် နှစ်ဖက်တိုက်ပွဲမှာ ဆက်လက် အရှိန်မြင့်တက်နေဆဲ ဖြစ်သည်။ ဓါတ်ပုံ - ULA/AA #မင်းတုန်းမြို့နယ်

မကွေး – ရခိုင်အစပ်တိုက်ပွဲ စစ်တပ်က တပ်ရင်းမှူး ၂ ဦး သေဆုံး

  • September 23, 2026

သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက်

  • September 23, 2026

ရခိုင်တွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ခ မြင့်တက်

  • September 23, 2026
×Close