လုံခြုံရေးဆိုင်ရာ မူဝါဒရရှိရေး EAO များ ဆွေးနွေး
သတင်းနှင့် မီဒီယာကွန်ရက်။
ဒီဇင်ဘာလ ၆ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အပစ်ရပ် ၈ ဖွဲ့မှ ခေါင်းဆောင်များသည် EAO များအတွက် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ မူဝါဒ တစ်ခုရရှိဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သုံးရက်ကြာ အစည်းအဝေး ကျင်းပနေသည်။
လုံခြုံရေး ကဏ္ဍနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုတွေလုပ်ရာတွင် လက်ရှ် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အခြေအနေများနှင့် နိုင်ငံတကာမှာ ဖြစ်ပေါ်ခဲ့တဲ့ DDR/SSR တွေကို တတ်သိပညာရှင်တွေက နှိုင်းယှဉ်သုံးသပ်မှုတွေ လုပ်ခဲ့ကြသည်ဟု သိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြီးဆုံးမည့် ထိုအစည်းအဝေးကို အပစ်ရပ် ၈ ဖွဲ့မှ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များ လည်း တက်ရောက်နေကြသည်ဟု သိရသည်။