UNFC အနာဂတ်အရေး ဆွေးနွေး
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အနာဂတ်ရှေ့ဆက်နိုင်ရေးကိစ္စများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့နံနက် ၉ နာရီ၌ UNFC ကောင်စီ အစည်းအဝေးတစ်ရပ် ကျင်းပနေသည်။
မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့ဝင်များ အစိုးရနှင့် NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးပြီးနောက် UNFC အနေဖြင့် ဘယ်လိုဆက်လက်ရပ်တည်သွားမည် အခြေအနေများကို အဓိက ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။
ယခုအစည်းအဝေးကို ၃ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး UNFC အဖွဲ့ဝင်များဖြစ်သည့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU မှ ခေါင်းဆောင်ကိုယ်စားလှယ်များအပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ခေါင်းဆောင်တချို့လည်း ပါဝင်တက်ရောက်နေသည်။