လူ့အခွင့်အရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ် အပိုင်း (၆၈)

ဒီတစ်ပတ်မှာတော့ ၂၀၁၇ ကုန်လို့ ၂၀၁၈ ခုနှစ်ကို ဝင်လာကတည်းက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးခရီးလမ်းဟာ အတော်လေးကို ဆိုးရွားနေတယ်လို့ သုံးသပ်နေကြပါတယ်။ NCA အပစ်ရပ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ရော၊ အပစ်ရပ် မထိုးထားသေးတဲ့အဖွဲ့တွေ၊ ပြည်ထောင်စုအဆင့်ထိုးထားတဲ့အဖွဲ့တွေ၊ နောက်ပြီး မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့အကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ ဒီအခြေအနေကနေ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ကြမလဲ စတဲ့သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားမှာပါရှင်။