ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်

“ဗမာတွေက ပြည်မယူပြီးတော့ တခြားလူမျိုးစုတွေက ပြည်နယ်၊ သူတို့အောက်မှာဝင်လျှိုရတဲ့ ပုံစံမျိုး အဲ့ဒါကို တိုင်းရင်းသားတွေက လက်မခံလို့ ၆၁ ခုမှာ ဒါကတော့ ဖွဲ့စည်းပုံကိုပြင်ဖို့ စုစည်းပြီးတော့မှ တောင်းဆိုကြတာပေါ့ဗျာ၊ အဲ့လိုတောင်းဆိုတော့ စစ်တပ် က အာဏာသိမ်းလိုက်တယ်။ တလျှောက်လုံး ကနေ့အထိ စစ်တပ်က အာဏာသိမ်းနေတယ်၊ အမှန်ကတော့ တို့မြင်တာကတော့ စစ်မှန်တဲ့ ပြည် ထောင်စုကို မတည်ဆောက်နိုင်လို့ တိုင်းရင်းသားတွေကို နဂိုကပြောထားတဲ့ ပင်လုံစာချုပ်ကတည်းကိုက ပြောထားတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ကို မဖော်ဆောင်နိုင်လို့ ကနေ့ထိ ပြည်တွင်းစစ်ဖြစ်နေရတာ ဖြစ်တယ်။”    နိုင်ဟံသာ ( UNFC )