KIA နှင့် တပ်မတော်အကြား တိုက်ပွဲများ ဆက်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၉ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား ဧပြီလ ၈ ရက်နေ့ ယမန်နေ့က တနိုင်းမြို့နယ်ရှိ လမုန်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

အစိုးရတပ်မတော်၏ တပ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

မနက်ပိုင်းကွာ ၂ နာရီ နှင့် ၃ နာရီကြား အဲဒီ ၅ နာရီခွဲအထိ ဟုတ်တယ်။ လမုန်ကျေးရွာမှာ အဲမှာတပ်စခန်းရှိ တယ်။ အဲဒီတပ်စခန်းမှာ ကေအိုင်အေတွေဖက်က လာပြီးမှ ဝင်တိုက်တာ အဲဒါကြောင့်မို့လို့ တိုက်ပွဲဖြစ်သွားတာ။”

ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီးရှိ တံတားညီနောင်ကျေးရွာတွင် တပ်ထိုင်ထား သည့် အစိုးရတပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် အစိုးရ တပ်မတော်ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် အသက်ဆုံးရှုံးမှုများလည်းရှိသည်။

ထို့အပြင် တနိုင်းမြို့နယ် အတွင်းရှိ ရွှေမှော် နှင့် ပယင်းမှော်များတွင် ပျောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင် ရေး ပြုလုပ် မည်ဖြစ်သောကြောင့် မှော်လုပ်သားများနှင့် လုပ်ငန်းရှင်များအနေဖြင့် မှော်အတွင်းမှ အမြန်ဆုံး ထွက်ခွာပေးရန် ဧပြီလ ၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ထုတ်ပြန်ထားသည်။

“ဒီဖက်ကတော့ ဆက်တိုက်တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဟူးကောင်းဒေသကတော့ ၂၀၁၇ ဇွန် လကနေ စပြီးမှ တိုက်ပွဲက တစ်ဖြည်းဖြည်းနဲ့ အဲလိုမျိုး ပြင်းထန်လာတဲ့ ပြင်းထန်ပြီးမှ တိုက်ပွဲတွေ ခနခန ဖြစ်တဲ့ နေရာဖြစ်တယ်။ အဲဒီ ထုတ်ပြန်ချက်ကြောင့်ပဲ ဖြစ်ကောင်းဖြစ်မယ်။ ထုတ်ပြန်ချက် မထုတ်ရင်လည်း ဒီ နေရာက တော့ တိုက်ပွဲ အခြေအနေကတော့ လက်နက်ကိုင်တဲ့ အဖွဲ့ ၂ ဖွဲ့ သဘောထား ဆန္ဒပေါ်မှာပဲ မူတည် ပါလိမ့်မယ်။” ဟု တနိုင်းဒေသခံ ဦးနော်တောင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း ယခုရက်ပိုင်းအတွက် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်မတော် တို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရတပ်မတော်ဖက်မှ တပ်အင်အား တိုးချဲ့ နေရာ ချထားသည့်အပြင် ပြန်ဆုတ်သွားခြင်း မရှိသည့်အတွက် တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသည့် အနေအထားတွင် ရှိနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧပြီလ ၅ ရက်နေ့က သတင်းနှင့် မီဒီယာကွန်ရက်အား ပြောဆိုထားသည်။