ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို RCSS/SSA က ဆိုင်းငံ့ထား။

“ကျနော်တို့ ပြည်သူတွေနဲ့ တွေ့ဆုံနေတဲ့အချိန်မှာ တပ်မတော်က လာပြီးတော့ ဟန့်တားတဲ့အတွက် ပိတ်ပင်တားဆီးတဲ့အတွက်မို့လို့ ပြည်သူလူထုတွေနဲ့ ကောင်းမွန်စွာ မတွေ့ခဲ့ရဘူး။ လူထုတွေရဲ့ ဆန္ဒကို ကျနော်တို့ ကောင်းမွန်စွာ မရခဲ့ဘူးပေါ့။ပြီးတော့ ၅ နေရာလည်း ကျနော်တို့ လုပ်ဖို့ကျန်သေးတယ်။ မရရှိသေးဘူး။ဒါကြောင့်မို့လည်း ကျနော်တို့ကလည်း ရှမ်းအမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲကို ခေတ္တအနေနဲ့ ကျနော်တို့ ဆိုင်းငံ့ထားခြင်းဖြစ်ပါတယ်။” ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း (RCSS/SSA)