တိုင်းရင်းသား ဘာသာ အစီအစဉ် ( မြန်မာဘာသာ) ၂၇ – ၅ – ၂၀၁၈။
ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်သယ်ဆောင်လာတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၈ သန်းနီးပါးနဲ့ ယာအိုက်စ် ကီလို ၅၀ ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲမှာ ဖမ်းဆီးမိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ရှို့မီးကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်သွားတဲ့ မြေပုံမြို့နယ်က ဝဘော်ကြီးကျေးရွာမှာ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။
ကရင်နီပြည်နယ်မှာတော့ အမတော်ကြေး ပြန်ဆပ်ချိန်ကို သီးနှံတွေ ထုတ်ရောင်းချပြီးချိန်နောက်ပိုင်းမှာ သတ်မှတ်ပေးဖို့ တောင်သူတွေက ဆန္ဒရှိနေကြပါတယ်။