လူ့အခွင့်အရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ် အပိုင်း ( ၇၇ )

“သမ္မတဟောင်း ဦးထင်ကျော်လက်ထက်မှာ ရွေးကောက်ပွဲ ကတိနဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခုမှ အကောင်အထည်မဖော်ဆောင်နိုင်ခဲ့ကြောင်း တွေ့ရတယ်။ ဒါသူ့ရဲ့ ပင်ကိုယ်အရည်အချင်းညံ့ဖျင်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဦးထင်ကျော်မှာ အရည်အချင်းရှိတယ်။ ရိုးသားတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပံ့ပိုးဖို့ သူ့မှာ ရာနှုန်းပြည့် သဘောထားရှိတယ်။ ဒါကောင်းတဲ့ အချက်တွေပဲ။ သို့သော်လည်းပဲ ဦးထင်ကျော် သာမက ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်စေအုံးတော့ မကျော်နိုင်တဲ့ အချက်တွေ အများကြီးရှိတယ်။ အဲ့ဒါက ဘာလဲဆို တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အကန့်အသတ်တွေပဲ” ( ဦးအောင်ထူး ကျောင်းအုပ် ဖက်ဒရယ် ဥပဒေ အကယ်ဒမီ )