လူ့အခွင့်အရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ် အပိုင်း ( ၇၈ )

“အဲ့ဒီ ၂၀၀၈ ထဲမှာပဲ တချို့ကိစ္စရပ်တွေက ဖြေလျော့လို့ရတဲ့ကိစ္စတွေလည်းရှိတယ်။ တကယ့်ဖက်ဒရယ် စနစ်အဆင့်ထိ မရောက်သော်ငြားလည်းပဲ ဗဟိုချုပ်ကိုင်မှုတွေ ဖြေလျော့ပြီးသွားတာမျိုးတွေ လုပ်လို့ရတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် တနည်းအားဖြင့် ဖက်ဒရယ်စနစ်ကို ပုံဖော်ပေးတာမျိုးပေါ့။ ဆိုလိုတာက တံတားအမည်ပေးတဲ့ကိစ္စ၊ တံတားအမည် ပေးတဲ့ကိစ္စ ဖွဲ့စည်းပုံဥပဒေမှာ အဲ့လောက်ထိ မရေးထားဘူး။ ဗမာက ဆုံးဖြတ်ရမယ်ဆိုတာ ဗဟိုမှာ ဆုံးဖြတ်ရမလား ပြည်နယ်မှာ ဆုံးဖြတ်ရမလား အဲ့လောက်ထိ မရေးထားဘူး။ ဒါပေမယ့် စဉ်းစားချက်အရတော့ ဖက်ဒရယ်လို့ပြောရင် ဒီလိုကိစ္စမျိုး ဘယ်မှာ ဆုံးဖြတ်ရမလဲ၊ အဲ့လိုမျိုးတွေ အဲ့ဒီအတွေးအခေါ်နဲ့ ပြည်နယ်အဆင့်တွေ တိုင်းဒေသကြီးအဆင့်တွေ ပေးလိုက်ရင် ဒါဖက်ဒရယ်လစ်ဇင်ရဲ့သဘောပါပဲ။ တနည်းအားဖြင့် လူထုရဲ့ ထောက်ခံမှုကလည်း တက်လာစေမယ်။ အခုက ဗဟိုချုပ်ကိုင်မှုက ဆက်ရှိနေတယ်” ဒေါက်တာ အောင်နိုင်ဦး (ဒုတိယ ဥက္ကဌ) မွန်ပြည်နယ်လွှတ်တော်