တရုတ်သွင်းကုန်များအား အမေရိကန်က အခွန် ၁၀၀ ရာနှုန်း ကောက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။ 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သွင်းကုန်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံသွားတော့မည်ဟု အောက်တိုဘာ ၁၀ ရက်နေ့က ပြောလိုက်သည်။ 

တရုတ်နိုင်ငံက ပို့ကုန် ထိန်းချုပ်မှုများ လုပ်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ အခွန်တိုးကောက်ခံရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟုလည်း သမ္မတ ထရန့်က ပြောသည်။ 

အမေရိကန်သည် တရုတ်၏ မြေရှားသတ္တုနှင့် ပဲပိစပ် ကုန်သွယ်မှုအပေါ် ကုန့်သတ်မှုများအား ရင်ဆိုင်နေရခြင်း ဖြစ်သည်။ 

သမ္မတထရန့်၏ လူမှု ကွန်ရက် Truth တွင် အခွန်တိုးမြှင့်မှုကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်မည်ဖြစ်ကြောင်း ရေးသား ထားသည်။ 

လက်ရှိတွင် တရုတ်နိုင်ငံမှ ပို့ကုန်များ အပေါ်တွင် အမေရိကန် နိုင်ငံက ၃၀% အခွန်ကောက်ခံနေသည်။ 

တရုတ်က မြေရှား သတ္တု တင်ိပု့မှုနှင့် ပတ်သက်သည့် ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ခဲ့ပြီး တရက် အကြာတွင် သမ္မတထရန့်က ယခုလို ပြောလိုက်ခြင်း ဖြစ်သည်။ 

မူလအစီအစဉ်အရ အောက်တိုဘာ လကုန်ပိုင်းတွင် ကျင်းပမည့် အာရှပစိဖိတ် စီးပွား ပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီး အစည်းအဝေးတွင် တရုတ်နှင့် အမေရိကန် သမ္မတ နှစ်ဦး တွေ့ဆုံရန် စီစဉ်ထားပြီး ကုန်သွယ်ရေးတင်းမာမှုနဲ့ မဟာဗျူဟာကျသည့်  ကိစ္စရပ်များအပေါ် ဆွေးနွေးရန် စီစဉ်ထားခဲ့သည်။ 

သောကြာနေ့ကတော့ သမ္မတ ထရန့်က တရုတ်သမ္မတနှင့် တွေ့ဆုံမှုကို မသွားတော့ကြောင်း သူ့အနေနှင့် ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်သည်ဟု ပြောခဲ့သည်။