အမေရိကန်က တောင်ကိုရီးယားသွင်းကုန်များအပေါ် အခွန်တိုးမြှင့် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တောင်ကိုရီးယားနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်ကို ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံမည်ဟု ကြေညာလိုက်သည်။ 

တောင်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က ချုပ်ဆိုခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်ပါ ကတိကဝတ်များကို လိုက်နာခြင်းမရှိ၍ ယခုလို တိုးမြှင့်ရခြင်း ဖြစ်သည်ဟု သမ္မတထရန့်က ဆိုသည်။ 

အထူးသဖြင့် အမေရိကန်တွင် ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဆိုသည့် အစီအစဉ်ကို ကိုရီးယားလွှတ်တော်ဘက်က အတည်ပြုရန် နှောင့်နှေးနေခြင်းအပေါ် သမ္မတထရန့်က မကျေမနပ် ဖြစ်နေခြင်းဖြစ်သည်။ 

တောင်ကိုရီးယားအစိုးရကမူ ယခုကဲ့သို့ အခွန်တိုးမြှင့်မှုကို အမေရိကန်ဘက်က ကြိုတင်အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ပြောဆိုထားပြီး၊ ကိုရီးယားစက်မှုဝန်ကြီးသည် ဝါရှင်တန်မြို့သို့ သွားရောက်၍ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် အရေးပေါ် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း သိရှိရပါသည်။

အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ တောင်ကိုရီးယား လွှတ်တော်တွင် လာမည့် ဖေဖော်ဝါရီလ အတွင်း အတည်ပြုရန် စီစဉ်ထားသည်။