ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်။
NLD အစိုးရလက်ထက် ဖွံ့ဖြိုးရေး စီမံကိန်းတွေရဲ့ စိန်ခေါ်မှုတွေထဲမှာ မြစ်ဆုံစီမံကိန်းနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးတွေ၊ ကျောက်မီးသွေးသုံး စက်ရုံစီမံကိန်းတွေ ပါဝင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက ဆိုနေကြပါတယ်။
“အစိုးရကို ဘာပြောချင်တာလဲဆိုတော့ လူထုတွေရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့ အတွက် လူထုတွေရဲ့ အသံကိုနားထောင်ပေးပါ။ လူထုတွေရဲ့ ဆန္ဒသဘောထားတွေကို လိုက်လျော ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကုမ္ပဏီဘက်ကိုလည်း ကျွန်မတို့ဘာပြောချင်လဲဆိုတော့ ကျွန်မတို့ မလိုလားတဲ့ ဒီလိုမျိုးစက်ရုံတွေကို လာပြီးမဆောက်ပါနဲ့ပေါ့နော်။ ကျွန်မတို့ကို အေးအေးချမ်းချမ်းနဲ့ အသက်ရှင်နေထိုင်ခွင့်ပေးပါလို့ ကျွန်မပြောချင်ပါတယ်။” ( မိနီမာဦး အံဒင်ကျေးရွာသူ )