တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ၁၀ရက်နှင့်၁၁ရက်နေ့တွင်ကျင်းပနေသည်။
အစည်းအဝေးတွင်ထိပ်သီးခေါင်းဆောင်များ၏အလွတ်သဘောတွေ့ဆုံမှုဖြစ်မြောက်ရေးနှင့်ပြင်ဆင်မှုများကို ဆွေးနွေးခြင်း၊ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကိုရေးဆွဲချမှတ်သွားမည်ဟု သိရသည်။