ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၂ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြားပါ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ပြည်သူလူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ အကြိမ်အရေ အတွက်ဟာ များလာနေပါတယ်။ စစ်ဘေးရှောင်ဦးရေလည်း တိုးလာနေတယ်လို့ UNOCHA ရဲ့ စာရင်းအရ သိရပါတယ်။ ဒီလိုကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုကျော်လွှားကြမလဲဆိုတာကို အရပ်ဖက်အဖွဲ့ အစည်းတွေ၊ နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကို တွေ့ဆုံမေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။