တိုင်းရင်းသား ဘာသာအစီအစဉ် ( မြန်မာဘာသာ) ၁၇ – ၂ – ၂၀၁၉ ။

ပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့အတွက် အရေးကြီးတဲ့နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ရှမ်းပြည်အမျိုးသားနေ့ သို့မဟုတ် ရှမ်းပြည်နယ်နေ့ ၇၂ နှစ်ပြည့်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က လက်နက်မကိုင် ဆောင်ပဲ စစ်ရေးပြခဲ့တာ ဘာကြောင့်ပါလဲ။

ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာပဲ ကရင်နီပြည်လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို ပြန်လည်ရုပ်သိမ်းပေးဖို့ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်သားတွေရဲ့ ဆန္ဒတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။