ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၁၂ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ KNU ဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေထဲမှာ တော်လှန်ရေးကို အစောဆုံးစတင်ခဲ့တဲ့ အဖွဲ့ဖြစ်သလို သက်တမ်းအားဖြင့် ကြည့်မယ်ဆိုရင် ကာလအရှည်ကြာဆုံး လက်နက်ကိုင် တော်လှန်ရေးအဖွဲ့လို့ ပြောရင်လည်း မမှားပါဘူး။ အခုဆိုရင် ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ပြည့်ခဲ့ပါပြီ။ ဒါပေမယ့် ကရင်တစ်မျိုးသားလုံး လိုလားတောင်းတနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေကို ယနေ့အချိန်အထိ မရ ရှိသေးပါဘူး။ ကရင့်တော်လှန်ရေးဟာ ရေတိုကာလအတွင်း အောင်မြင်မှုမရရှိပဲ ဘာကြောင့် နှစ်ပေါင်း ၇၀ အထိ ကြာရှည်လာတာလဲ၊ ဘယ်လိုအကြောင်းအရာတွေက ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အတားအဆီးတွေ ဖြစ်နေတာလဲ၊ စတဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး KNU ခေါင်းဆောင်တစ်ချို့ကို မေးမြန်းထားပြီး ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ (အစီအစဉ်အသစ်) ကို Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။