မံစီမြို့နယ်အတွင်း စစ်ရှောင်များနေရပ်ပြန်ပြီးနောက် မူလွန်ကျောင်းကို ပြန်ဖွင့်ရန် ပြင်ဆင်နေ (ဓါတ်ပုံ အက်ဆေး)

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်။

ကချင်ပြည်နယ် တကျော့ပြန်တိုက်ပွဲ ၈ နှစ်ကြာချိန်တွင် အချို့သော စစ်ရှောင်များ နေရပ်ပြန်ခွင့်ရသော်လည်း စာသင်ကျောင်းများမှာ အဆင်သင့်မဖြစ်သေး၍ ကျောင်းမတက်ကြရသေးပဲ ရှိသည်။

နေရပ်ပြန်ရောက်သော်လည်း စာသင်ကျောင်းမတက်ရသေးသည့် ကလေးများ၊ မန်စီမြို့နယ်၊ မုန်းဒိန်ပါရွာ။
NMG5

ရွာသားတစ်ဦးက “အခက်အခဲတွေကတော့ အများကြီးပဲ၊ ဒါပေမယ့် အဓိကက ကျောင်းမှာ ဆရာ/ဆရာမ မရှိသေးတာ။ ဒီရွာက ရွာလည်းကြီးတယ်။အိမ်ထောင်စုတောင် ၃၀၀ ကျော်ရှိတယ်။ အိမ်တွေကလည်း အသစ်ဆောက်တာမျိုးတွေ တော့ မရှိဘူး။ အရင်အိမ်အဟောင်းတွေမှာပဲ ပြန်ပြီးပြင်ပြီးနေကြတာပါ” ဟု ပြောသည်။

မံစီမြို့နယ် မုန်းဒိန်ပါရွာမှ ပြန်မဖွင့်ရသေးသည့် မူလွန်ကျောင်း
NMG3
NMG7

မုန်းဒိန်ပါ မူလွန်ကျောင်းမှာ တစ်ကျော့ပြန် စစ်ပွဲရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖွင့် လှစ်နိုင်ရန် ကြိုးစားနေသော ကျောင်းလည်းဖြစ်သည်။

တခြားကျောင်းများမှာလည်း စာသင်ရန်အတွက် ပြင်ဆင်ရန် လိုအပ်နေကြသည်။

ပြင်ဆင်ရန် လိုနေသေးသည့် မူလတန်းကျောင်း ခွဲ
NMG8

ယခင်က ဗန်းမော်မြို့ ဖန်းခါကောင် စစ်ရှောင်စခန်းတွင် ခိုလှုံနေရာမှ အစိုးရခွင့်ပြုချက်ဖြင့် စစ်ရှောင်အများစု နေရပ်ပြန်ခဲ့ကြသည်။

နေရပ်ပြန်စစ်ရှောင်ကလေးငယ်များ အတွက် ကျောင်းရှိနေသော်လည်း ဆရာ/ဆရာမ မရှိသောကြောင့် ယခုထိ ကျောင်းမဖွင့်နိုင်သေးကြောင်း ဒေသခံများမှ ပြောသည်။

နေရပ်ရင်း ပြန်ရောက်လာကြသည့် ကလေးငယ်များ
NMG4

အဆိုပါစစ်ရှောင်ဒုက္ခသည်များမှာ မေလအတွင်းက နေရပ်ကို ပြန်သွားကြခြင်းဖြစ်သည်။

“မေလအတွင်းမှာ ပြန်သွားကြတာပါ။ အသုတ်ခွဲပြီးပြန်တာ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်ကြတာပါ။ တပ်မတော် ကတော့ ကားတွေဘာတွေနဲ့ ပြန်ပို့ပေးဖို့ပြောတာတွေရှိတယ်။ ဒီကလူတွေအကုန်လုံးက ကိုယ့်ဟာကိုယ်ပြန် ကြတာ” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

မုန်းဒိန်ပါ စာသင်ကျောင်းမှာ ပထမဆုံး ပြန်လည် ဖွင့်နိုင်ရန် အတွက် ပြင်ဆင်မှုများ လုပ်နေပြီဖြစ်သည်။
NMG2
စာသင်မည့် ဆရာကို မျှော်နေသည့် ကျောင်းသားများ
NMG6

အလားတူ ရှမ်းမြောက် မူဆယ်မြို့နယ် KBC စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ ၎င်းတို့၏ မူလနေရပ်ဖြစ်သည့် မုန်းပေါ်ဒေသသို့ မေလ ၁၅ ရက်နေ့က နေရပ်ပြန်သွားခဲ့သော်လည်း နေအိမ်များ အဆင်သင့်မရှိသေးသလို ကလေးငယ်များ ပညာသင်ကြားရေးတွင်လည်း အခက်အခဲများရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆန်ယန်ကျေးရွာမှ နေရပ်ပြန် စစ်ရှောင်ကျောင်းသားများအတွက် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၁၃ ဦးကို ဇွန်လ ၆ ရက်နေ့က ကချင်ပြည်နယ်အစိုးရ က ပို့ဆောင်ထားသည်ဟု သိရသည်။

သို့သော် ကျောင်းတံခါးက မဖွင့်နိုင်သေး
NMG1