မိုင်းလားက အားလုံးပါမှ NCA ထိုးမည်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်။

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့က မြောက်ပိုင်းမဟာမိတ်အားလုံးပါဝင်နိုင်မှသာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ရေးထိုးမည်ဟု ပြောသည်။

အားလုံးပါဝင်ရေးမူကို ဆွဲကိုင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ PSC/NDAA မိုင်းလားမှ ပြောရေးဆိုခွင့်ရှိသူ ဦးခမ်းမောင်က ပြောသည်။

“NCA ဆိုတာ ကျနော်တု့ိက မကန့်ကွက်ပါဘူး။ NCA ထိုးဖို့ဆိုတာက အားလုံးပါဝင်တဲ့မူကို ကျနော်တို့က ဆွဲကိုင်ထားတယ်။ အားလုံးပါဝင်ပြီးတော့ ထိုးကြမယ်ဆိုရင်တော့ NCA ဆိုတာ ကျနော်တု့ိထိုးမယ်။ ကျနော်တို့ ထိုးမယ်။ တစ်ချို့ အဖွဲ့အစည်းက ကျန်ခဲ့မယ်။ တစ်ချို့ကျန်ခဲ့တဲ့ အဖွဲ့အစည်းကလည်း ကျနော်တို့ကို အထင်လွဲနေမယ် အဲလိုဆိုရင် ကျနော်တို့က အဲဒီ အဆင်သင့်ဖြစ်တဲ့ အချိန်မှာ ကျနော်တို့က NCA ထိုးဖို့အဆင် သင့်ရှိပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့်အခမ်း အနားအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးခမ်းမောင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ကျရောက်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး ၎င်းသဝဏ်လွှာထဲတွင် PSC/NDAA အား NCA စာချုပ် လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ထားသည်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အ၀ ရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ရေရှည်ခိုင်ခိုင်မာမာ ထိန်းသိမ်းနိုင်ပြီး တိုင်းရင်းသားများ၏ အခွင့်အရေးများ လိုလားချက်များကို ဖော်ဆောင် ပေးနိုင်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်သည့်အတွက် NCA စာချုပ် လက် မှတ်ရေးထိုးရန် လိုသည်ဟု သဝဏ်လွှာထဲတွင် ပါရှိသည်။

“ထိုသို့သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ပြဌာန်းချက်များနှင့်အညီ ကျင်းပလျက် ရှိသဖြင့် အထူး ဒေသ(၄) မိုင်းလားအနေဖြင့် NCA တွင် ပါဝင် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်ရန် ဖိတ်ခေါ်ပါသည်။”

၎င်းသဝတ်လွှာကို ငြိမ်းချမ်းရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်မှ ဖတ်ကြားပေးခဲ့သည်။

ထို့အတူ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ PSC/NDAA မိုင်း လား ဥက္ကဋ္ဌ ဦးစိုင်းလင်းကလည်း NCA ကို အခြေခံသည့် နိုင်ငံရေး ဆွေးနွေးပွဲမှတစ်ဆင့် အာမခံချက်နှင့် ထာဝရငြိမ်းချမ်းရေး ရရှိသည့်အထိ လုပ်ဆောင်သွားမည်ဟု ယနေ့ပြုလုပ်သည့် နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အခမ်းအနားအတွင်း မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ၂၁ ရာစုပင်လုံ ညီ လာခံ စိတ်ဓာတ်ဖြင့် NCA သဘောတူညီချက်ကို စောလျင်စွာ ရရှိပြီး နိုင်ငံရေး ဆွေးနွေးခြင်းမှ တစ်ဆင့် ထာဝရ ငြိမ်းချမ်းရေး လမ်းစဉ်ကို လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ဘက်အသီးသီးမှ အခြေအနေများကို ထည့်သွင်း စဉ်းစား၍ အဖက်ဖက်နှင့် ပြေလည်စွာ ဆွေးနွေးပြီး ငြိမ်းချမ်းရေး လမ်းစဉ်တွင် တက်ကြွစွာ ပါဝင်ခြင်း ဖြင့် ကျနော် တို့ ဒေသ ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အာမခံချက်ရရှိအောင် ဆောင်ရွက်သွား မှာဖြစ်ပါတယ်” ဟု PSC/NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်းက ပြောသည်။

ယနေ့ကျင်းပသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားသို့ NCA စာချုပ် လက်မှတ်ရေထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများ၊ ပါတီခေါင်းဆောင်များ၊ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိ သူများ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ တရုတ်အထူးကိုယ်စားလှယ်တော်နှင့် သတင်းမီဒီယာများ အပြင် အခြား ဖိတ်ကြားထားသူနှင့် ဒေသခံ စုစုပေါင်း တစ်သောင်းနီးပါး တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ PSC/NDAA မိုင်းလား အဖွဲ့သည့် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်ပြီး ၎င်း FPNCC အဖွဲ့ဝင်များသည် NCA စာချုပ်ကို လက်မှတ်မရေးထားသည့် အဖွဲ့များဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ ဝင်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရက္ခိုင်အမျိုးသားအဖွ့ဲချုပ် ULA (ရက္ခိုင့်တပ်တော် AA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF (တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA) ၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP ကိုးကန့် (MNDAA)၊ ရှမ်းပြည်တိုးတက် ရေးပါ တီ SSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ (PSC မိုင်းလား) နှင့် “ဝ” ပြည်သွေး စည်း ညီညွတ်ရေးပါတီ UWSP တို့ဖြစ်သည်။