တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၁ –  ၇ -၂၀၁၉ ။

ကယားပြည်နယ်မှာတော့ ပြည်နယ်အစိုးရကနေ ဗိုလ်ချုပ်ကြေးရုပ်ကိုကန့်ကွက်တဲ့ ကရင်နီလူငယ် ၆ ဦးကိုဖမ်းဆီးပြီး ပထမဆုံးအကြိမ် လွိုင်ကော်မြို့နယ် တရားရုံးမှာ စတင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာတော့ အစိုးရစစ်တပ်ကနေ နှစ် ၂၀ ကျော်ကြာ သိမ်းဆည်းထားခဲ့တဲ့ မြေယာတွေပြန်လည်ရရှိဖို့ စုရုံးနေချိန်မှာ ဒု-တိုင်းမှူးက ဆန္ဒမပြဖို့ လာရောက်မေတ္တာရပ်ခံခဲ့ပါတယ်။

ကချင်ပြည်နယ်မှာတော့ မိုးရာသီရောက်ပြီဖြစ်သော်လည်းမြစ်ကြီးနားမြို့ပလနကျေးရွာစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ အင်ဂျန်းယန်စစ်ဘေး ရှောင်ပြည်သူတွေဟာရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။