တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၉ – ၇ – ၂၀၁၉
တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူကုန်ကူးမှုဖြစ်စဉ်တွေကို အရေးယူမှုပြုလုပ်ဖို့ ခက်ခဲနေတယ်လို့ ကချင်ပြည်နယ်အတွင်း လူကုန်ကူး ခံရမှုဆွေးနွေးပွဲမှာ ပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ မူကြိုဆရာမ အသတ်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ် ပေးဖို့လိုအပ်တယ်လို့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)နဲ့ပတ်သက်တယ်လို့ သံသယနဲ့ဖမ်းဆီးစစ်ဆေးခံနေရသူ ၅၆ ယောက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။