ငြိမ်းချမ်းရေးအတွက်ဖက်ဒရယ် အစီအစဉ် အပိုင်း (၃၅)
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ NCA အပစ်ရပ်စာ ချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးနေကြပေမယ့် ဒီနေ့အချိန်ထိ ပြေလည်မှု မရရှိသေးပါဘူး။ NCA အပေါ် KNPP ရဲ့ အမြင်သဘောထားကဘယ်လိုရှိပါသလဲ၊ သူတို့ရဲ့ နိုင်ငံရေး ရပ်တည် ချက်က ဘာလဲ။ ဒေသခံပါတီတွေရဲ့ အမြင်ကရော ဘယ်လိုရှိနေသလဲ စတာတွေကို ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက် ပေးထားပါတယ်။
“ဒီနေ့ဒီချိန်သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘာနဲ့တူလဲ ဆိုတော့ ဦးတည်ချက်မရှိဘဲနဲ့ တဝဲလည်လည် ရေစုန်လား ရေဆန်လား မျောနေတဲ့ ရွက်လှေလိုမျိုးပုံစံ ဖြစ်နေတယ်။ လမ်းကြောင်းမမြင်ဘူး၊ အကောင်း ဆုံးလမ်းကြောင်းကတော့ ကိုယ်ဒေသမှာ ကိုယ်ပြည်နည်မှာ တိုက်ပွဲမဖြစ်ဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်သွား တဲ့ဟာမျိုးက အရေးကြီးဆုံး သို့မဟုတ် အအောင်မြင်ဆုံံး ငြိမ်းချမ်းရေးဖြစ်စဉ် indicator လို့ပဲ ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ တိုက်ပွဲ မဖြစ်ရင်တော့ ငြိမ်းချမ်းရေးလို့ပဲ အောက်မေ့ရမှာပေါ့ ။ ဒါပေမဲ့ နိုင်ငံရေး ဆွေးနွေးမှု တွ သဘောတူညီမှုတွေက ဘာတစ်ခုမှတော့ မရသေးပဲ ဖြစ်နေတဲ့ ဟာမျိုးပေါ့။ ဆိုတော့ ကျနော်တို့ ပြည် နယ် ကလောလောဆယ် NCAလည်းမထိုးသလို NCAမထိုးဘူးလို့လည်း မပြောဘူးပေါ့နော်။” ခွန်းဘီထူး ဥက္ကဋ္ဌ ကယန်းအမျိုးသားပါတီ
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။