တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၁၉ – ၀၈ – ၂၀၁၉ ။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအကြား နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်ဖို့ ညှိနှိုင်းနေတဲ့ကာလအတွင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကို တပ်မတော်အနေနဲ့ ရပ်တန့်ပေးဖို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၃ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်မြေပြိုကျလို့ နေအိမ်တွေ ပျက်စီးမှုရှိတဲ့အပြင် လူတွေပါ သေဆုံးတဲ့အထိ ဖြစ်ပွားခဲ့ရပါတယ်။

ကရင်ပြည်နယ်မှာလည်း ဇူလိုင်လကုန်ပိုင်းကစလို့ မိုးဆက်တိုက်ရွာခဲ့တဲ့အတွက် မြစ်၊ ချောင်း ရေလျှံတာကြောင့် လယ်စိုက်ဧက တစ်သောင်းကျော် ရေလွှမ်းခံနေရပြီး လူတစ်သောင်းနီးပါး ရေဘေးရှောင်နေရပါတယ်။