ထိုင်းတရားရုံးက ဘာကြောင့် အယူခံကို ပယ်ချခဲ့တာလဲ။

ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား၂ ယောက်ကို သြဂုတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက သေဒဏ်ကျခံဖို့ ဆက်လက် အမိန့်ချမှတ်လိုက်ပါတယ်။ ဘယ်လို အနေအထားတွေကြောင့် ယခုလိုမျိုး သေဒဏ် ဆက်လက်ကျခံဖို့ တရားရုံးက အမိန့်ချလိုက်ပါသလဲ။ သူတို့ ၂ ယောက် လွတ်မြောက်ဖို့အတွက် တာဝန်ရှိသူတွေက ဘယ်လိုဆက်လက် လုပ်ဆောင်သွားကြမလဲ ဆိုတာကို ရှေ့နေ့ ဦးအောင်မျိုးသန့်ကို သတင်းနဲ့ မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းထားပါတယ်။ရုပ်သံမှာ ကြည့်ရှု့နိုင်ပါတယ်။