တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂ – ၉ – ၂၀၁၉ ။
ရှမ်းမြောက်ဒေသမှာရှိတဲ့ တရုတ်-မြန်မာနယ်စပ်က မူဆယ်-၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ကုန်တင်ကားအစီး ၃၀၀ ကျော် ပိတ်မိနေပြီး ကုန်သည်တွေနဲ့ ကားသမားတွေဟာ အခက်အခဲ ကြုံနေကြရတယ်လို့ ပြောပါတယ်။
ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာပိုင်ဆိုင်ခွင့်စနစ်တွေနဲ့ မြေယာလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို အမြန်ပယ်ဖျက်ပေးဖို့ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်မှာတော့ သီပေါမြို့နယ် တာ့လုံရွာနဲ့ အနီးပတ်ဝန်းကျင်က ရွာသူရွာသားတွေဟာ ရွာဇာတာဆက် အခမ်းအနားကျင်းပပြီး နမ္မတူမြစ်ပေါ် ဆည်တည်ဆောက်မှာကို ကန့်ကွက်ခဲ့ကြပါတယ်။