ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေဟာ ပြီးခဲ့တဲ့အပတ်က  ပိုမိုပြင်းထန်ခဲ့ ပါတယ်။ လူသေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ အိမ်မီးလောင်တာတွေ အပြင် ကုန်ကားတွေပါ မီးရှို့ခံရတာတွေရှိခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲမှာ ရေကြီးတဲ့အတွက်ကြောင့် ပျက်စီးသွားတဲ့လယ်ယာတွေဟာ ပုံမှန်စိုက်ပျိုးရာသီမဟုတ်တော့တဲ့အတွက် အချိန်မှီ ပြန်စိုက်ပျိုးဖို့ ခက်ခဲနေပါ တယ်။

ကချင်ပြည်နယ်မှာတော့ ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွှေ့ခဲ့ရတဲ့အောင်မြင်သာကျေးရွာကတရုတ်ကုမ္ပဏီဆောက်ပေးထားတဲ့အိမ်တွေဟာပြန်ပြင်လို့မရအောင်ပျက်စီးလို့လာနေပြီလို့ပြောပါတယ်။