NRPC တပ်မတော်နှင့် မြောက်ပိုင်း ၄ ဖွဲ့ အပစ်ရပ် လက်မှတ်ထိုးရန် ဆွေးနွေး (သတင်းဓာတ်ပုံ)

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ တပ်မတော်ကိုယ်စားလှယ်များ နှင့် မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် Bilateral ပဏာမအဆင့် အပစ်တ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေကြသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ယနေ့တွင် တွေ့ဆုံဆွေးနွေးနေကြပြီး NRPC မှ တာဝန်ရှိသူများနှင့်အတူ တပ်မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တက်ရောက်လျှက်ရှိသည်ဟု သိရ သည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ ကိုယ်စားလှယ်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) မှ အထွေထွေ အတွင်းရေးမှူး ဦးလနန်ဦးဆောင်ပြီး ဗိုလ်ချုပ်ဇော် တောင် (စစ်ဦး စီးအရာရှိချုပ်)၊ KIC အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်ရော်၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွမ်း နှင့် ရုံးအဖွဲ့ ဝင်များ၊ ULA/AA (ရက္ခိုင့်တပ်တော်) က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်း အောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ကိုယ် စားလှယ်များ MNDAA (ကိုးကန့်) က ဒု-စစ်စီးချုပ် ဦးရန်ဝင်ကျုံး၊ ဦးဖုန်းဝင်းနိုင်တို့အပါအဝင် ကိုယ်စား လှယ်များနှင့် PSLF/TNLA (တအန်း/ ပလောင်) က ဒု-ဥက္ကဌ ဗိုလ်မှူးချုပ် တားခူလန်း၊ အထွေထွေ အတွင်းရေးမှူး တားဘုန်းကျော်နှင့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေသည်ဟု သိရသည်။

ထို့အတူ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ်များလည်း တက်ရောက် လျှက်ရှိ သည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့တို့ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် နေ့က ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသော်လည်း တိကျခိုင်မာသည့် ဆုံးဖြတ်ချက် တစ်စုံ တစ်ရာ မရရှိသည့်အတွက် အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် ယနေ့တွင် တွေ့ဆုံဆွေးနွေးနေကြခြင်းဖြစ်သည်။