တိုင်းရင်းသားဘာသာ သတင်းအစီအစဉ်။ (စက်တင်ဘာလ ၁၄ ရက်)
မွန်ပြည်နယ်မှာ ကိုယ့်အားကိုယ်ကိုး တည်ဆောက်နေတဲ့ ပင်လယ်ရေတာတမံဟာ ရေရှည်စိတ်ချရတဲ့ အနေအထားမရှိတဲ့အတွက် ရေရှည်ခံနိုင်ရည်ရှိတဲ့ ရေတာတမံတစ်ခု တည်ဆောက်ပေးဖို့ ပြည်နယ်အစိုးရကို တောင်းဆိုထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ တရားသူကြီးကို ချိန်ခွင့်ပျက်ပေးတဲ့ ကချင်လူငယ်ခေါင်းဆောင် ကိုပေါလု ကို တရားရုံးက ထောင်ဒဏ် ၃ လ ထပ်မံ ချမှတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ကျောက်တော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာလေးရွာအနီး တစ်ဝိုက်မှာ ပစ်ခတ်မှုဖြစ်လို့ အရပ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ကြ ပါတယ်။